သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက် အငြင်းပွားမှု တရုတ်အပေါ် ဝေဖန်မှုတွေပိုတိုး


တောင်တရုတ် ပင်လယ်ဟာ သဘာဝဓာတ်ငွေ့ စွမ်းအင် အပါအဝင် အရင်းအမြစ်ကြွယ်ဝတဲ့ နယ်မြေဖြစ်တဲ့အတွက်
ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတာဖြစ်ပါတယ်။
တောင်တရုတ် ပင်လယ်ဟာ သဘာဝဓာတ်ငွေ့ စွမ်းအင် အပါအဝင် အရင်းအမြစ်ကြွယ်ဝတဲ့ နယ်မြေဖြစ်တဲ့အတွက် ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတာဖြစ်ပါတယ်။
တောင်တရုတ် ပင်လယ်တွင်းက စွမ်းအင် အပါအဝင် အရင်းအမြစ်ကြွယ်ဝတဲ့ နယ်မြေပိုင်ဆိုင်မှု အတွက် အငြင်းပွားနေရာမှာ သြဇာ လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံ အသင်းဝင်တွေကြား သွေးခွဲဖို့ ဖန်တီးနေ တယ်လို့ ဝေဖန်နေ တာတွေကို တရုတ်နိုင်ငံက လက်မခံ ပယ်ချလိုက်ပါတယ်။ အခြေအတင် ဖြစ်နေရတဲ့ ကိစ္စမှာ အားနည်းတဲ့ တိုင်းပြည်တွေနဲ့ တနိုင်ငံချင်းစီသာ ဖြေရှင်းချင် တဲ့ အတွက် အဖွဲ့ဝင် ၁၀ နိုင်ငံကြား ညီညွတ်သွားမှာကို တရုတ်နိုင်ငံက မလိုလားဖူးလို့ အကဲခတ်တွေ ထောက်ပြနေကြတာပါ။

ဒါပေမယ့် လည်း တရုတ် အစိုးရပိုင် Xinhua သတင်းကတော့ စွပ်စွဲချက်ကို ပယ်ချလိုက်ပြီး၊တရုတ်နဲ့ အိမ်နီးချင်းနိင်ငံတွေကြား ယုံကြည်မှုတွေပျက်ပြားအောင် အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုအဖြစ်နဲ့ တုန့်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့လထဲ အာဆီယံ ထိပ်သီး အစည်းဝေးပွဲ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပစဉ် တောင်တရုတ် ပင်လယ်အရေး ထိထိရောက်ရောက်မကိုင်တွယ်နိုင်ခဲ့ရာက တရုတ်နိုင်ငံအပေါ် ဝေဖန်မှုတွေလည်း ကြီးထွားလာတာပါ။

အာဆီယံ သက်တမ်း ၄၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူးတွဲကြေညာချက်တောင် မထုတ်ပြန်နိုင်တဲ့အဖြစ်မျိုးကြုံခဲ့ရတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေကြောင့်လို့ ဆန်းစစ်သူတွေက ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တရုတ်အစိုးရ သတင်းစာမှာတော့ အမေရိကန် အစိုးရကို ရည်ညွှန်းပြီး ဒေသတွင်းမှာ သြဇာ ချိန်ခွင်လျှာ ထိန်းညှိဖို့ ရည်ရွယ်နေတဲ့ အစီအစဉ်အဖြစ် အာရှမှာသွေးခွဲဖို့ အနောက်နိုင်ငံတွေက ကြိုးပမ်းနေတာလို့ တုန့်ပြန် ရေးသားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG