သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်မှာ ကန်ရေတပ် အင်အားပြ


USS John C. Stennis
USS John C. Stennis

အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံအပေါ် တပ်အင်အားပြသတဲ့အနေနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း လေယာဉ်တင်သင်္ဘောနဲ့ တခြား အစောင့်ရေယာဉ် အများအပြား စေလွှတ်ထားပါတယ်။

အမေရိကန်လေယာဉ်တင်သင်္ဘော John C. Stennis နဲ့ တခြား ဖျက်သင်္ဘော ၂ စင်းအပြင် တခြား တိုက်ရေယာဉ်တချို့ဟာ အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲကို အခုသီတင်းပတ် အစောပိုင်းက ရောက်ရှိသွားခဲ့တာပါ။ တခြား အမေရိကန်အလံတင် သင်္ဘောတစင်းလည်း အဲဒီဒေသမှာ ရှိနေတယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ပြင် ဒေသအားလုံးနီးပါးကို တရုတ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာပါ။ တရုတ်နိုင်ငံဟာ ဒေသတွင်းက တခြား ၆ နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသတွေမှာ စစ်ရေးတည်ဆောက်မှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်က စွပ်စွဲ ပြောဆိုနေတာပါ။

အဲဒီ စွပ်စွဲချက်ကို တရုတ်ဘက်က ငြင်းဆိုထားပြီး အခြေအနေတွေ တင်းမာလာအောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေ ခိုင်မာစေအောင် အဲဒီဒေသမှာ ကျွန်းအတုတွေ တည်ဆောက်နေပါတယ်။

XS
SM
MD
LG