သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဖြစ်လာမယ့် Park Geun-hye အမျိုးသားလုံခြုံရေး အလေးထား


တောင်ကိုရီးယားသမ္မတသစ် Park Geun-hye
တောင်ကိုရီးယားသမ္မတသစ် Park Geun-hye
တောင်ကိုရီးယားနိုင်ငံက အသစ်ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတ Park Geun-hyeဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးနဲ့ မြောက်ကိုရီးယားနိုင်ငံဘက်က ခြိမ်းခြောက်မှုတွေဟာ အရေးပါဆုံး အလေးထားဆောင်ရွက် ရမယ့်ကိစ္စတွေဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မစ္စစ်Park Geun-hyeဟာ သူမကို ရွေးကောက်တင်မြှောက်မှုခံရပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ပထမဦးဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယားနိုင်ငံက မကြာခင်က တာဝေးပစ်ဒုံးပျံ လွှတ်တင်ခဲ့တဲ့ လုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံအပေါ် ခြိမ်းခြောက်မှုအဖြစ် သဘောထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ရှေးရိုးစွဲနိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ မစ္စPark Geun-hyeဟာ တောင်ကိုရီးယားနိုင်ငံမှာ ပထမဦးဆုံး ရွေးကောက်တင်မြှောက်ခံရတဲ့ အမျိုးသမီးသမ္မတတစ်ဦးလည်းဖြစ်ပါတယ်။

Park Geun-hye ဟာ တောင်ကိုရီးယားသမ္မတPark Chung-hee ရဲ့ သမီးဖြစ်ပြီး အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူမရဲ့ အဓိကပြိုင်ဖက် Park Chung-hee ထက် ၆% မဲအသာရပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ကြာသပတေးနေ့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သူမရဲ့ ဖခင်နဲ့ မိခင်တို့ရဲ့ အုတ်ဂူကို သွားပြီး ဂါရဝပြုခဲ့ကြောင်း သိရပါတယ်။
XS
SM
MD
LG