သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှု လျော့ဖို့ တောင်ကိုရီးယားနဲ့ ဂျပန်တွေ့ဆုံ


 ဂျပန်ဝန်ကြီးချုပ်ကိုယ်စားလှယ် ဂျပန်ဘဏ္ဍာရေး ဝန်ကြီးဟောင်း Fukushiro Nukaga( ဝဲ) နဲ့ တောင်ကိုရီးယား သမ္မတသစ် (Park Geun-hye) (ယာ) ဆိုးလ်မြို့တွင် တွေ့ဆုံစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၁၂။)
ဂျပန်ဝန်ကြီးချုပ်ကိုယ်စားလှယ် ဂျပန်ဘဏ္ဍာရေး ဝန်ကြီးဟောင်း Fukushiro Nukaga( ဝဲ) နဲ့ တောင်ကိုရီးယား သမ္မတသစ် (Park Geun-hye) (ယာ) ဆိုးလ်မြို့တွင် တွေ့ဆုံစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၁၂။)
တောင်ကိုရီးယား နဲ့ ဂျပန် နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျော့ကျစေဖို့ စတင်ကြိုးပမ်းတဲ့အနေနဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe စေလွှတ်တဲ့ ကိုယ်စားလှယ်နဲ့ တောင်ကိုရီးယား သမ္မတသစ် တို့ တွေ့ဆုံခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတသစ် (Park Geun-hye) ဟာ ဂျပန်ဝန်ကြီးချုပ်ရဲ့ ကိုယ်စားလှယ် ဖြစ်တဲ့ ဂျပန် ဘဏ္ဍာရေးဝန်ကြီးဟောင်း Fukushiro Nukaga ကို သောကြာနေ့က တောင်ကိုရီယားနိုင်ငံ ဆိုးလ်မြို့တော်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

နှစ်နိုင်ငံစလုံးမှာ အသစ်တက်လာတဲ့ အစိုးရတွေ အနေနဲ့ နှစ်နိုင်ငံ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်သွားဖို့ ကြိုးပမ်းလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း တောင်ကိုရီးယား သမ္မတ ဘက်ဂွန်ဟေးက ပြောပါတယ်။ တောင်ကိုရီးယားဟာ ဂျပန်ရဲ့ အရေးပါဆုံး အိမ်နီးချင်း နိုင်ငံဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမယ် လို့ ပြောဆိုထားတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့စာ ကို မစ္စတာ Kukaga က သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ ဂျပန် ကိုလိုနီတွေရဲ့ ရက်စက်တဲ့ အုပ်ချုပ်ရေး မမေ့နိုင်ဖွယ်ရာ အခြေအနေတွေ၊ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေနဲ့ တခြား ကိစ္စရပ်တွေကြောင့် ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့၊ ဂျပန်ဘက်က Takshima လို့ ခေါ်ပြီး ကိုရီးယားဘက်က Dokdo လို့ခေါ်တဲ့ ကျွန်းစုတွေ ရှိရာကို အရင် တောင်ကိုရီးယား သမ္မတ အီမြောက်ဘက် ပြီးခဲ့တဲ့နှစ်က ရုတ်တရက် မထင်မှတ်ဘဲ သွားရောက်ခဲ့ချိန်ကစလို့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုပြီး ဆိုးရွား သွားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG