သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား မပါပဲ နျူကလီးယား အရေး ဆွေးနွေးဖို့ Park Geun-hye လိုလား


တောင်ကိုရီးယားသမ္မတ Park Geun-hye ။ (ဇန်နဝါရီ ၁၃၊ ၂၀၁၆)
တောင်ကိုရီးယားသမ္မတ Park Geun-hye ။ (ဇန်နဝါရီ ၁၃၊ ၂၀၁၆)

အချိန်အတော်ကြာ ရပ်တန့်နေခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ မပါရင်တောင်မှ ပြန်စနိုင်အောင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ နည်းလမ်းရှာသင့်တဲ့ အကြောင်း တောင် ကိုရီးယား သမ္မတ Park Geun-hye က ပြောကြားလိုက်ပါတယ်။ လုပ်ရမှာ မလွယ်ကူပေမဲ့ လည်း မြောက်ကိုရီးယား မပါပဲ ငါးနိုင်ငံ ဆွေးနွေးပွဲလိုမျိုး နည်းလမ်းပေါင်းစုံ ချဉ်းကပ်ပုံအသစ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေက စဉ်းစားသင့်တဲ့ အကြောင်း တောင်ကိုရီးယား အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ ဆိုးလ်မြို့တော် မှာ တွေ့ဆုံစဉ် တောင်ကိုရီးယားသမ္မတ Park Geun-hye က အခုလိုပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားအစီအစဉ်တွေကို စွန့်လွှတ်ဖို့ ရည်ရွယ်ပြီး ဆွေးနွေးနေတဲ့ လက်ရှိ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲဟာ ခုနှစ်နှစ်လောက် ရပ်ဆိုင်းနေတဲ့ အတွက် စိတ်ပျက်မိတယ်လို့လည်း တောင်ကိုရီးယား သမ္မတက ဆိုပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုတဲ့ ကိစ္စလို တိုးတက်မှုတချို့ အရင်တုန်းက ရှိခဲ့ဖူးပေမဲ့ အခုအချိန်မှာ ဆွေးနွေးမှုတွေ ပြန်စမယ်ဆိုရင်တောင် ထိရောက်မှုရှိပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။

၂၀၀၃ ခုနှစ်က စခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တောင်၊ မြောက် ကိုရီးယား ရုရှားအပြင် အမေရိကန် တရုတ် ဂျပန်နိုင်ငံတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား တာဝေးရော့ကဒ် ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့တဲ့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာကို မကျေနပ်ဘူး ဆိုပြီး ဆွေးနွေးပွဲကနေ မြောက်ကိုရီးယား နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG