သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို


မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တပ်ဖွဲ့များ
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တပ်ဖွဲ့များ
အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရတဲ့ တောင်ကိုရီးယား နိုင်ငံက စစ်တမ်း တခုမှာ စစ်ရေးနဲ့ တုံ့ပြန်ဖို့ အများစုက လက်ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယားဖက်က စစ်ရေး ရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး လက်တုံ့ပြန်မယ် ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲမှာပဲ မြောက်ကိုရီးယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်းဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အမေရိကန်အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းကနေ B-2 ဗုံးကြဲလေယာဉ်တွေ ဟာ ကိုရီးယားကျွန်းဆွယ် အနောက်တောင်ကမ်းလွန်မှာရှိတဲ့ ကျွန်းဆီကို ကြာသပတေးနေ့က ပျံသန်းသွားခဲ့ကြပြီးတဲ့နောက်မှာမှ မနားဘဲ လေတပ်စခန်းဆီကို တောက်လျှောက် စုစုပေါင်း ကီလိုမီတာ ၂ သောင်းအကွာအဝေး ပျံသန်းလာခဲ့ကြပါတယ်၊ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတွေအပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးနေချိန်မှာ အခုလို တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ Pacific သမုဒ္ဒရာထဲမှာရှိတဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားဖက်က ခြိမ်းခြောက်မှု အပါအဝင် လတ်တလောရန်စမှုတွေကြောင့် ခုလို B-2 တိုက်လေယဉ်တွေကို
ကိုရီးယားကျွန်းဆွယ်ဖက် ပျံသန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး
ဝန်ကြီး Chuck Hagel ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကလဲ မြောက်ကိုရီးယားအစိုးရက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို သူ့နိုင်ငံအနေနဲ့ ဒီတိုင်းငုံ့ခံနေမှာ
မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်၊ တောင်ကိုရီးယားနိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့၊
ကြက်ခြေနီအဖွဲ့တွေတို့နဲ့ရှိနေတဲ့ အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေကို
မြောက်ကိုရီးယားအစိုးရက ဖြတ်တောက်ခဲ့ပါတယ်၊ တောင်နဲ့မြောက်ကိုရီးယား ၂
နိုင်ငံစက်မှုဇုံဖြစ်တဲ့ Kaesong စက်မှုဇုံမှာတော့ ကြာသပတေးနေ့က နယ်စပ်
ဖြတ်ကျော်မှုတွေဟာ ပုံမှန်အတိုင်းပဲရှိနေပါတယ်။
XS
SM
MD
LG