သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခြိမ်းခြောက်မှု တောင်ပိုင်းစိုးရိမ်


တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ။
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ။
တောင်ကိုရီးယားနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ မကျူးကျော်ရေး သဘောတူစာချုပ်ကို ဖျက်သိမ်း လိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက မကြာခင် ပြုလုပ်ခဲ့တဲ့ နျူကလီယား စမ်းသပ် ဖောက်ခွဲမှုအပေါ် အပြစ်ပေး အရေးယူတဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူ ပိတ်ဆို့မှု တညီတညွတ်ထဲ ချမှတ်ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားက ကြာသပတေးနေ့မှာ အဲဒီလို ကြေညာလိုက်တာပါ။

တောင်ကိုရီးယားနဲ့ ရရှိထားတဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း ဖျက်သိမ်း လိုက်တဲ့အကြောင်း မြောက်ကိုရီးယားက တပါထဲ ကြေညာသွားပါတယ်။ ကြာသပတေးနေ့ အစောပိုင်း တုန်းကတော့ အမေရိကန်ပြည်ထောင်စုကို နျူကလီယားလက်နက်နဲ့ လက်ဦးမှုရယူ တိုက်ခိုက်မယ် လို့ မြောက်ကိုရီးယားက သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လောလောဆယ်မှာ တောင်ကိုရီးယားနိုင်ငံနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ စစ်ရေး လေ့ကျင့်မှုဟာ မြောက် ကိုရီးယားကို ရန်စတဲ့လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့မှာ ချမှတ်လိုက်တဲ့ အရေးယူ ပိတ်ဆို့မှု ထဲမှာ မြောက်ကိုရီးယားက ဝင်ထွက်နေတဲ့ ရေကြောင်း ကုန်သွယ်မှုတွေကို ပိုမိုတင်းကြပ်စွာ ပိတ်ပင် တားဆီးတာ၊ မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးကျည် တည်ဆောက်မယ့်အစီအစဉ်ကို အထောက်ကူပြုစေမယ့် ငွေကြေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ငွေလွဲပြောင်းမှုတွေကို တားဆီး ဟန့်တားတာတွေ ပါဝင်ပါတယ်။

ဒီအတောအတွင်း မြောက်ကိုရီးယားက အခုလို ခြိမ်းချောက် ပြောဆိုနေတဲ့အပေါ် စိုးရိမ် ပူပန်ကြောင်းနဲ့ စိတ်ပျက်မိကြောင်း တောင်ကိုရီးယားသမ္မတ က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားက ရန်လို တဲ့ ပြောဆိုမှုတွေအပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ် ဖြေရှင်းသွားမယ် လို့ သေကြာနေ့က ပြုလုပ်တဲ့ ဗိုလ်လောင်းသင်တန်း ဆင်းပွဲမှာ တောင်ကိုရီးယားသမ္မတ Park Geun-hye က ပြောလိုက်တာပါ။
XS
SM
MD
LG