သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား Nuclearဓာတ်ပေါင်းဖို နှစ်ခု ပိတ်ဖို့ အမိန့်ထုတ်


Nuclear လုံခြုံရေးဆိုင်ရာ ညီလာခံမှာ တောင်ကိုရီးယားသမ္မတ Lee Myung Bak ဆွေးနွေးစဉ်။
Nuclear လုံခြုံရေးဆိုင်ရာ ညီလာခံမှာ တောင်ကိုရီးယားသမ္မတ Lee Myung Bak ဆွေးနွေးစဉ်။
တောင်ကိုးရီးယားနိုင်ငံအစိုးရက နိုင်ငံအတွင်းမှာရှိတဲ့ Nuclear ဓါတ်ပေါင်းဖို ၂ ခုကို ပိတ်ခိုင်းလိုက်ပါတယ်။ ဓါတ်ပေါင်းဖိုမှာ ပါရှိတဲ့ အစိတ်အပိုင်းတချို့ရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ထောက်ခံချက် အတုတွေဖြစ်နေတဲ့အတွက် အဲဒီအစိတ် အပိုင်းတွေကို အစားထိုးပြင်ဆင်ဖို့ဖြစ်ပါတယ်။

အခုနှစ်အတွင်း Nuclear ဓါတ်ပေါင်းဖိုတွေ လည်ပတ်မှုမှာ အဆင်မပြေမှုတွေ အတော်များများရှိခဲ့ပြီး လုံခြုံစိတ်ချမှုကို ခြိမ်းခြောက်မှုရှိနေတယ်လို့ အသိသုတဆိုင်ရာ စီးပွားရေးဝန်ကြီး Hong Suk-woo က ပြောဆိုပါတယ်။

ပစ္စည်းအတုတွေဖြုတ်ထုတ်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်တာဟာ လပေါင်းအတန်ကြာမြင့်လိမ့်မယ်လို့ ဝန်ကြီး Hong Suk-woo ကပြောပါတယ်။ယီအုန်ဝမ်း နြူကလီယား စက်ရုံဇုံမှာရှိတဲ့ ဓါတ်ပေါင်းဖို အမှတ် ၅ နဲ့ ၆ ကို ပိတ်ပစ်ထားလိုက်ရတဲ့အတွက် အခုလာမယ့် ဆောင်းရာသီကာလ အတွင်း ဓါတ်အားပေးနိုင်မှု လျှော့နည်းသွားတဲ့ အဖြစ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ဝန်ကြီး Hong Suk-wooကပြောပါတယ်။
XS
SM
MD
LG