သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုးရီးယား သမ္မတရွေးကောက်ပွဲစတင်


တောင်ကိုရီးယာသမ္မတလောင်းနှစ်ဦး- Park Geun-hye (ဝဲ) နှင့် Moon Jae-in (ယာ)။
တောင်ကိုရီးယာသမ္မတလောင်းနှစ်ဦး- Park Geun-hye (ဝဲ) နှင့် Moon Jae-in (ယာ)။
တောင်ကိုးရီယားနိုင်ငံတဝှန်းမှာ ဒီနေ့၊ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ သမ္မတသစ်တဦး ရွေးချယ်ဖို့ အတွက် မဲရုံတွေကို စတင် ဖွင့်လှစ်လိုက်ပါပြီ။ ဒေသစံတော်ချိန်ညနေ ၆ နာရီလောက်မှာ မဲပေးပွဲအဆုံးသတ်ပြီး ဒီနေ့နှောင်းပိုင်းမှာ ရလာဒ်ကို သိရမယ်လို့ မျော်လင့်ရပါတယ်။

တောင်ကိုးရီယားအာဏာရှင်ဟောင်းရဲ့သမီး PARK GEUN HYE နဲ့ အရင်သမ္မတလက်ထက် ကာကွယ်ရေးဦးစီးချုပ် MOON JAE IN တို့ တောင်ကိုးရီးယားသမ္မတ ရာထူးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

အရင်သီတင်းပတ် ကြိုတင်မဲစစ်တမ်းအရ ရှေးရိုးစွဲ NEW FRONTIER ပါတီခေါင်းဆောင် PARK GEUN HYE က ပြိုင်ဘက် DEMOCRATIC UNITED ခေါင်းဆောင် MOON JAE IN ထက် မဆိုစလောက် အသာစီးရနေပါတယ်။ တကယ်လို့ PARK GEUN HYE အရွေးခံရရင် သူမဟာ တောင်ကိုးရီးယားရဲ့ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာမှာပါ။ သူမရဲ့ဖခင် PARK CHUNG HEE က ၁၉၆၁ က ၁၉၇၉ ထိ သမ္မတတာဝန်ထမ်းခဲ့ပါတယ်။
XS
SM
MD
LG