သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်းမှောက် သွားတဲ့ တောင်ကိုရီးယား သင်္ဘော ကပ္ပတိန်ကို ဖမ်းဆီး


သဘောၤက အရင်ဆုံး ထွက်ခွာသူ Captain ကို ဖမ်းဆီး။
သဘောၤက အရင်ဆုံး ထွက်ခွာသူ Captain ကို ဖမ်းဆီး။
တောင်ကိုရီးယားနိုင်ငံမှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင် ကူးတို့သင်္ဘောက သင်္ဘောကပ္ပတိန် နဲ့ သင်္ဘောသား ၂ ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က တရားဝင်ဖမ်းဆီးလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က သင်္ဘောမှောက်သွားပြီး သိပ်မကြာခင်မှာပဲ ခရီးသည်တွေကို ထားပြီး ထွက်ပြေးခဲ့တဲ့ အမှုတွေ နဲ့ စွဲချက်တင်လိုက်ပါတယ်။ အသက် ၆၉ နှစ်အရွယ်သင်္ဘော ကပ္ပတိန်ဟာ ခရီးသည်တွေကို ကာကွယ်ရမယ့် သူ့ရဲ့ တာဝန်ကို ပျက်ကွက်ခဲ့ပြီး၊ မျက်မြင်သက်သေတဦးအဆိုအရတော့ မြုပ်နေတဲ့သင်္ဘောကနေ အရင်ဆုံးထွက်ခွာတဲ့သူတွေထဲမှာ ပါဝင်တယ်လို့ စုံစမ်းသူတွေက စွပ်စွဲနေကြပါတယ်။

ဒီသင်္ဘောဘာကြောင့် တိမ်းမှောက်သွားတယ်ဆိုတာကို အခုချိန်ထိမသိရသေးဘဲ ဆက်လက်စုံစမ်းနေတုန်းပဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း သင်္ဘောမှောက်မှုနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံက ကျွမ်းကျင်သူတွေတဦးက အခုလိုသုံးသပ်ပါတယ်။

“သင်္ဘောရဲ့ အနောက်ဘက်တံခါးပွင့်သွားတာကြောင့် အခုလို တိမ်းမှောက်သွားတာဖြစ်နိုင်တယ် ဆိုပြီး သူကပြောသွားတာဖြစ်ပါတယ်။ သင်္ဘောမှောက်ရာ ကနေ ၂ ၈ယောက်သေဆုံးကြောင်းအတည်ပြုပြီး၊ အထက်တန်းကျောင်းသားအများစုပါဝင်တဲ့ ကျန် ၂၇၄ ယောက်ပျောက်ဆုံးနေတာ၊ အသက်ရှင်လျှက်တွေ့ရှိမယ့်အလားအလာတွေ နည်းပါးနေပြီဖြစ်ပါတယ်။

သင်္ဘောလူးလွန့်စအချိန်မှာ၊ ကပ္ပတိန်ဟာ ခရီးသည်တွေကို ငြိမ်သက်စွာ ထိုင်နေဖို့ ညွန်ကြားပြီး ထွက်ပြေး လွတ်မြောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ထားခဲ့တယ်လို့ သံသယဖြစ်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ယုံဟပ်သတင်းဌာနက ဆိုပါတယ်။

သောကြာနေ့မနက်ပိုင်းတုန်းကတော့ - ကျောင်းသူကျောင်းသား ၃၀၀ ကျော် ပါဝင်တဲ့ ဒီလေ့လာရေးခရီးကို ဦးဆောင်ခဲ့သူ အထက်တန်း ဒုတိယကျောင်းအုပ်ကြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
XS
SM
MD
LG