သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kaesong မှာ တောင်ကိုရီးယားနိုင်ငံသား ၇ ဦး ကျန်ရစ်


Kaesong စက်မှုဇုံမှာ ကျန်နေတဲ့ တောင်ကိုရီးယား ၇ ဦးကို စောင့်ဆိုင်းနေကြစဉ် ( ၂၉ ဧပြီ ၂၀၁၃)
Kaesong စက်မှုဇုံမှာ ကျန်နေတဲ့ တောင်ကိုရီးယား ၇ ဦးကို စောင့်ဆိုင်းနေကြစဉ် ( ၂၉ ဧပြီ ၂၀၁၃)
တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စက်မှုဇုံမှာ ကျန်နေတဲ့ တောင်ကိုရီး ယား နိုင်ငံသား ၇ ယောက်ကို နောက်ဆုံးအချိန် ဖြေရှင်းမရတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့်လို့ဆိုပြီး မြောက်ကိုရီးယားက ပြန်မလွှတ်ဘဲ ထား ထားပါတယ်။

Kaesong စက်မှုဇုံ ဖွံ့ဖြိုးရေး စီမံခန့်ခွဲမှု ကော်မတီက ဥက္ကဋ္ဌ ဟောင် ယန် ဟို (Hong Yang-ho) အပါအဝင် တခြား ၅ ယောက်နဲ့အတူ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီက ဝန်ထမ်း ၂ ယောက်တို့ဟာ အခွန်နဲ့ လစာ ကိစ္စတွေ စေ့စပ်ညှိနှိုင်းဖို့ အတွက် စက်မှုဇုံမှာ ဆက်ပြီးတော့ ရှိနေရတဲ့အကြောင်း ဆိုးလ်မြို့တော်မှာရှိ တဲ့ နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

Kaesong စက်မှုဇုံနဲ့ပတ်သက်လို့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ
နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတဲ့အကြောင်း
နှစ်နိုင်ငံပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဒီလို ညှိနှိုင်းနေတဲ့အထဲ ပေးဆောင်ဖို့ ကျန်နေတဲ့ အခွန်ကိစ္စနဲ့ ဧပြီလ ၉ ရက်နေ့ က မြောက်ကိုရီးယားအစိုးရက Kaesong စက်မှုဇုံကနေ ပြန်လည် ခေါ်ယူခဲ့တဲ့
မြောက်ကိုရီးယား အလုပ်သမား ၅ သောင်း ၃ ထောင်ရဲ့ လစာကိစ္စတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Kaesong စက်မှုဇုံမှာ နောက်ဆုံးကျန်နေတဲ့ တောင်ကိုရီးယားဝန်ထမ်း ၅၀ လောက် ထဲက ၄၃ ယောက်ဟာ တနင်္လာနေ့က အိမ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေတဲ့ ဝန်ထမ်း ၇ ဦးရဲ့ ဒီဒေသကထွက်ခွာမှုဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ပြိုင်ဘက် နှစ်နိုင်ငံအကြား နောက်ဆုံးအဆင့် ငြိမ်းချမ်းတဲ့ ဆက်သွယ်မှုကို အပြီးပိုင် ဖြတ်တောက်လိုက်တော့မှာ ဖြစ်ပါတယ်။

Kaesong စက်မှုဇုံ ပြန်လည် လည်ပတ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားဘက်က ပယ်ချခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား အစိုးရက သူ့နိုင်ငံသားတွေကို ဒီစက်မှုဇုံကနေ ပြန်လည် ခေါ်ထုတ်သွားမယ့် အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG