သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားနှစ်နိုင်ငံနယ်စပ် မြို့ခံနဲ့ လှုပ်ရှားသူ ပဋိပက္ခဖြစ်


တောင်ကိုရီးယားမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ မြို့ခံတွေကြား ပဋိပက္ခဖြစ်ပွားနေစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၄)
တောင်ကိုရီးယားမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ မြို့ခံတွေကြား ပဋိပက္ခဖြစ်ပွားနေစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၄)

မြောက်ကိုရီးယားနိုင်ငံဘက်ကို ဝါဒဖြန့်စာရွက်တွေ ဖြန့်ဝေဖို့လုပ်နေတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဒီလိုမဖြန့်ဝေဖို့ တားဆီးချင်ကြတဲ့ တောင်ကိုရီးယားနယ်စပ်မြို့က မြို့ခံတွေကြား စနေနေ့က အခြေအတင် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရကို ဝေဖန်ထားတဲ့ စာရွက်စာတမ်းတွေကို လေပူဖောင်းတွေမှာ ချိတ်ဆွဲပြီး ဒီလအစောပိုင်းတုန်းက လုပ်သလို မြောက် ကိုရီးယားနိုင်ငံထဲ လွှတ်တင်ဖို့ တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထားတာဖြစ်ပါတယ်။ ဒီနယ်စပ်မြို့ကလေးမှာတော့ အခု ရဲအရာရှိ တထောင်လောက် စေလွှတ်ပြီး တာဝန်ချထားပါတယ်။

အခုလို စာရွက်စာတမ်းတွေ ပို့လွှတ်ဖို့ လုပ်နေတာကို မတားဆီးနိုင်ရင် တောင်မြောက်ကိုရီးယား ၂ နိုင်ငံကြား အဆင့်မြင့်အရာရှိ ဆွေးနွေးပွဲတွေ ပြန်စဖို့ စီစဉ်ထားတာကို ထိခိုက်စေနိုင်တယ်လို့ မြောက်ကိုရီးယားဘက်က သတိပေးထားပါတယ်။

မြောက်ကိုရီးယားဘက်က စစ်ရေးနဲ့ လက်တုံ့ပြန်ဖို့ ခြိမ်းခြောက်ထားတဲ့အတိုင်း အသေအချာ လုပ်ဆောင်နိုင်တာမို့ အခု တက်ကြွလှုပ်ရှားသူတွေရဲ့လုပ်ရပ်ဟာ Paju ဒေသခံတွေရဲ့ အသက်အန္တရာယ်ကိုရော စီးပွားရေးလုပ်ငန်းတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုယ့်ဆန္ဒကို ကိုယ်တိုင် လွတ်လပ်စွာထုတ်ဖော်နေတဲ့ ဆန္ဒပြသူတွေကို တရားဝင် တားမြစ်ပိုင်ခွင့်တော့မရှိဘူးလို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

XS
SM
MD
LG