သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ထောက်လှမ်းရေး အစီအစဉ် စပိန်အစိုးရမေးခွန်းထုတ်


အမေရိကန်ထောက်လှမ်းရေး အစီအစဉ်တွေအကြောင်း ဆွေးနွေးဖို့ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ သွားရောက်ခဲ့သော စပိန်ဆိုင်ရာ အမေရိကန်သံအမတ် James Costos (ဝဲ) အောက်တိုဘာ ၂၈၊ ၂၀၁၃။
အမေရိကန်ထောက်လှမ်းရေး အစီအစဉ်တွေအကြောင်း ဆွေးနွေးဖို့ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ သွားရောက်ခဲ့သော စပိန်ဆိုင်ရာ အမေရိကန်သံအမတ် James Costos (ဝဲ) အောက်တိုဘာ ၂၈၊ ၂၀၁၃။
စပိန်အစိုးရက စပိန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး James Costos ကို ဆင့်ခေါ်ပြီး အမေရိကန် ထောက်လှမ်းရေးက တစ်လအတွင်းမှာပဲ စပိန်နိုင်ငံက ဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း သန်း ၆၀ ကို ကြားဖြတ် နားထောင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ခေါ်ယူမေးမြန်းခဲ့ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ NSA က တလတာ ကာလအတွင်း စပိန်နိုင်ငံက ဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း သန်း ၆၀ ကို ကြားဖြတ် နားထောင်ခဲ့တယ် ဆိုပြီး စပိန်နိုင်ငံထုတ် El Mundo နဲ့ El Pais သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကနေ ဇန်နဝါရီလ ၈ ရက်နေ့အတွင်း တယ်လီဖုန်းခေါ်ဆိုမှုတွေကို စောင့်ကြည့်ခဲ့တာ ဖြစ်တယ်လို့ စပိန်သတင်းစာက ရေးသားပါတယ်။

အမေရိကန် ထောက်လှမ်းရေးက ခေါ်ဆိုတဲ့ဖုန်းနံပတ်တွေ ဖုန်းခေါ်တဲ့အချိန် ကာလတွေကို ရယူထားကြောင်း ဘာတွေ ပြောဆိုကြတယ်ဆိုတဲ့ အကြောင်းအရာတွေတော့ မပါဘူးလို့ ဆိုပါတယ်။

ထောက်လှမ်းမှုလုပ်တဲ့နေရာမှာ အင်တာနက် ဘရောက်ဆာတွေ (Brwosers) အတွင်း ဝင်ရောက်ပြီး လူမှုရေး ကွန်ယက်တွေဖြစ်တဲ့ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်၊ တွီတာ စတာတွေကနေ ကိုယ်ရေးအချက်လက်တွေရယူတာလည်း ပါတယ်လို့ El Mundo သတင်းစာက ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံကနေ ထွက်ပြေးပြီး လက်ရှိ ရုရှားနိုင်ငံမှာ ခိုလှုံနေတဲ့ NSA ကန်ထရိုက်တာ ဝန်ထမ်းဟောင်း Edward Snowden ဆီကရတဲ့ စာရွက်စာတမ်းအထောက်အထားတွေအပေါ် အခြေခံပြီး သတင်းတွေဖော်ပြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဥရောပ သတင်းမီဒီယာတွေမှာလည်း အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီက ဂျာမန် ဝန်ကြီးချုပ် Angela Merkel ရဲ့လက်ကိုင်ဖုန်းနဲ့ တခြား ကမ္ဘာ့ခေါင်းဆောင် ၃၄ ယောက်ရဲ့ ဖုန်းတွေကို နှစ်အတော်ကြာ စောင့်ကြည့် ထောက်လှမ်းခဲ့တယ်လို့ ဖော်ပြကြပါတယ်။
XS
SM
MD
LG