သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာလူ့အခွင့်အရေး မေးခွန်းထုတ်ဖွယ်


သီရိလင်္ကာအစိုးရ ရဲအရာရှိများ တမီလ်ကျား အလောင်းများကို စစ်ဆေးနေစဉ် (ဇန်နဝါရီ ၉ ၂၀၀၇)
သီရိလင်္ကာအစိုးရ ရဲအရာရှိများ တမီလ်ကျား အလောင်းများကို စစ်ဆေးနေစဉ် (ဇန်နဝါရီ ၉ ၂၀၀၇)
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ကြီးက သီရိလင်္ကာအစိုးရရဲ့ကတိတွေကို ဆက်ယုံလို့မရတော့ဘူးလို့သတိပေးလိုက်ပါတယ်။ လန်ဒန်အခြေစိုက် Amnesty International
ခေါ် လူ့အခွင့်အရေးအဖွဲ့ကြီးက သီရိလင်္ကာအစိုးရအနေနဲ့ လူ့အခွင့်အရေးကိစ္စတွေ ကတိပေး နေလာတွေကို နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ ဆက်လက်မခံသင့်တော့ဘူးလို့ ကြာသာပတေးနေ့က ကြေငြာချက်ထုတ်ပြောလိုက်ပါတယ်။

သီရိလင်္ကာအစိုးရအနေနဲ့ အရင်ဖြစ်ခဲ့တာတွေနဲ့ အခုလည်း လက်ရှိ ဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့
ပြုလုပ်နေတာတွေကို ဆက်ငြင်းပယ်နေတာကို လက်ခံစရာမရှိတော့ ဘူးလို့ ကုလသမဂ္ဂရဲ့ ကာလပိုင်းခြား သုံးသပ်မှုတစ်ခုမှာ ဂျနီဗာမြို့တော်မှာ ကြေငြာလိုက်တာပါ။

၂၀၀၉ မှာ အဆုံးသတ်ခဲ့တဲ့ ၂၅နှစ်ကြာ သီရိလင်္ကာစစ်ပွဲအတွင်းမှာ တမယ်လ်သူပုန်တွေ
အနေနဲ့ လက်နှက်ချခဲ့ရပါတယ်။ ဒါပေမယ့် ဒီစစ်ပွဲအတွင်းမှာ စစ်ပွဲတွင်းဆိုင်ရာ
ပြင်းထန်တဲ့ပြစ်မှုကြီးတွေ အထောက်အထားတွေ တွေ့ရှိခဲ့ရတယ်လို့
ကုလသမဂ္ဂက ဆိုထားပါတယ်။
XS
SM
MD
LG