သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နည်းပညာနောက်ဆုံးတိုးတက်မှုနဲ့ လူမှုပြဿနာ

FACEBOOK
FACEBOOK
ဒီတပါတ်တော့ သတင်းနဲ့ နည်းပညာဆိုင်ရာ နောက်ဆုံးတိုးတက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်းပြောပြပါရစေ။

၂၀၁၃ ခုနှစ် ပထမနှစ်ဝက် အတွင်းမှာပဲ သောင်းနဲ့ချီတဲ့ Facebook အင်တာနက် လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို နိုင်ငံပေါင်း ၇၀ ကျော်က အစိုးရတွေက တောင်းယူခဲ့တယ်လို့ သြဂုတ်လ ထဲထုတ်ပြန်တဲ့ Facebook အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Facebook နဲ့ Twitter တို့လို အင်တာနက် လူမှုကွန်ရက်တွေကနေတဆင့် တက်ကြွသူတွေက လှုပ်ရှားမှုတွေအတွက်စည်းရုံးလေ့ရှိတာမို့ တူရကီနိုင်ငံက ဝန်ကြီးချုပ် Recep Tayyip Erdogan ကဆို နိုင်ငံတွင်း အစိုးရဆန့်ကျင်တဲ့ဆန္ဒပြမှုတွေဖြစ်လာတဲ့အခါမှာ ဒီလူမှုကွန်ရက်တွေဟာ လူ့အသိုင်းအဝိုင်းအတွက် အဆိုးဆုံးအန္တရာယ်တွေလို့ ပြောခဲ့တဲ့အထိ ဖြစ်လာတာပါတယ်။
ဒီအင်တာနက်နဲ့ လူမှုကွန်ရက်တွေနဲ့ ပါတ်သက်ပြီး အခုလိုအစိုးရတချို့ သတ်မှတ်သလို လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ် ဘယ်လောက်ရှိနေပါသလဲ။ အမေရိကန်ပြည်ထောင်စု Texes ပြည်နယ်က ကွန်ပြူတာ အင်ဂျင်နီယာတဦးဖြစ်တဲ့ ဦးအောင်မိုးရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG