သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ မြန်မာ့ သဘာဝဝန်းကျင်ဆိုင်ရာ ထူးခြားမှုများ


Irrawaddy-Myitson AP
Irrawaddy-Myitson AP
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာအတွက် အစိုးရပိုင်းကရော အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကပါ ထူးထူးခြားခြား လုပ်ဆောင်နိုင်ခဲ့သလို လိုအပ်တာတွေလည်း အများကြီးရှိနေသေးတယ်လို့ EcoDev သဘာဝဝန်းကျင်ထိမ်းသိမ်းရေး အဖွဲ့တာဝန်ခံ ဒေါက်တာဝင်းမျိုးသူက ပြောပါတယ်။

သဘာဝဝန်းကျင်နဲ့ သစ်တောဆိုင်ရာ ထိမ်းသိမ်းရေးတွေအတွက် အစိုးရချထားပေးတဲ့ ဘတ်ဂျက်ငွေ က ဒဿမ တစ် ရာနှုံး လောက်ပဲရှိနေတာမို့ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဆောင်နိုင်ပဲ ဌာနဆိုင်ရာဓါတ်ခွဲခန်းလို တကယ်အရေးအကြီးဆုံး ထားသင့်တာမျိုးတွေ မရှိပဲဖြစ်နေရတယ်လို့ ဆိုပါတယ်။

သစ်တောပြုန်းပြီး အရည်အသွေးကျရာကနေ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ လျော့နဲအောင်လုပ်တဲ့ အစီအစဉ် REDD အတွက် အစိုးရပိုင်းက ကုလသမဂ္ဂ UNDP နဲ့ လက်တွဲဆောင်ရွက်နေသလို သစ်တော ဥပဒေပြင်ဖို့ ကျိုးစားနေတာနဲ့ ဝန်ကြီးဌာနတွေကြား မြေယာသုံးစွဲမှုဆိုင်ရာ ပြဿနာတွေ မပေါ်အောင် မြေယာစီမံခန့်ခွဲရေးအတွက် ဥပဒေတွေ ပြဌာန်းပြီး ကော်မတီတရပ် ဖွဲ့စည်း လုပ်ဆောင်နိုင်မှုတွေဟာ တိုးတက်မှုတွေ လို့ ဆိုပါတယ်။ ဒါ့အပြင် သစ်ခိုးထုတ်မှု မရှိစေဖို့ အီးယူ ဥရောပ သမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်နေပြီး သဘာဝသယံဇာတ တွင်းထွက်တွေနဲ့ ပါတ်သက်ပြီး ထင်သာမြင်သာ ရှိအောင်လုပ်ဆောင်တဲ့ ကမ္ဘာ့အဖွဲ့အစည်းမှာ ပါဝင်နိုင်ဖို့ပါ အစိုးရပိုင်းက ကျိုးပမ်းနေတယ်လို့ ပြောပါတယ်။

အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေထဲမှာဆိုရင်တော့ သဘာဝဝန်းကျင်နဲ့ ပါတ်သက်ပြီး Environmental Justic လို့ခေါ်တဲ့ ပါတ်ဝန်းကျင်ရေးရာ တရားမျှတမှုရှိစေဖို့ လုပ်ဆောင်တဲ့အဖွဲ့တွေ ဥပမာ ပိုက်လိုင်းကိစ္စ၊ မြေယာသိမ်းတဲ့ကိစ္စ၊ ကုလားတန်စီမံကိန်းလိုမျိုး ဒေသဆိုင်ရာ လှုပ်ရှားတဲ့အဖွဲ့တွေ တရာကျော်ကျော် တွေ့လာရပါတယ်။ သူတို့ အဓိကကြုံတွေ့နေရတဲ့ အခက်အခဲကတော့ အစိုးရအထက်ပိုင်း တာဝန်ရှိသူတွေနဲ့ ဆက်ဆံရတာ ပြေလည်သလောက် အောက်ခြေအဆင့်မှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အမြင်မကြည်လင်မှုနဲ့ ကြုံနေရတာပါ။

ထူးခြားတာက တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းမှုမရှိရင် သဘာဝဝန်းကျင်က ဓါးစာခံဖြစ်နေတာမို့ ငြိမ်းချမ်းရေးတောင်းဆိုမှုပါ။ နောက် ရွှေ့ပြောင်းတောင်ယာ ဆိုင်ရာသုတေသနတွေ၊ ဧရာဝတီက မြစ်ဆုံလို မြစ်ကြောင်းဆိုင်ရာ ဇလဗေဒ သုတေသန လုပ်ဆောင်မှုတွေကို လုပ်ဆောင်လာကြတာပါ။

၂၀၁၃ ခုနှစ် သဘာဝသိပ္ပံဆိုင်ရာ ထူးခြားတဲ့ တွေ့ရှိချက်တခုကတော့ မျိုးတုန်းလုနီးပါးဖြစ်နေတဲ့ ဒီရေရောက်အပင် မျိုးစိတ်တွေကို ရခိုင်ပြည်နယ် ဂွမှာဒေသခံတွေကိုယ်တိုင် ထိမ်းသိမ်းထားတာတွေ့ခဲ့ရသလို မျိုးစိတ်အသစ်တွေကိုပါ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အစိုးရပိုင်းက ဥပဒေတွေကိုရော ဌာနဆိုင်ရာမှာပါ ပြုပြင်ဖို့ ကျိုးစားနေပေမယ့် ဒီပြုပြင်မှုက လက်တွေ့ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုနဲ့ စီးပွါးရေးပွင့်လင်းမှုကြောင့်လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ယှဉ်ရင် မြင့်မိုရ်တောင်နဲ့ ဇီးစေ့လို ကွာနေတာမို့ ဌာနဆိုင်ရာတွေက လူထုအတွက် အပြည့်အဝ အကာအကွယ်မပေးနိုင်သေးချိန်မှာ လူထုက ကိုယ်ထူကိုယ်ထ အရည်အသွေး မြှင့်တင်ကြဖို့ပါ တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG