သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာသစ် ဂြိုလ်သစ် မွေးဖွားနိုင်ခြေ


Relative sizes of Kepler habitable zone planets discovered as of April 18, 2013 in this artist's rendition provided by NASA. (L to R) Kepler-22b, Kepler-69c, Kepler-62e, Kepler 62f and Earth.
Relative sizes of Kepler habitable zone planets discovered as of April 18, 2013 in this artist's rendition provided by NASA. (L to R) Kepler-22b, Kepler-69c, Kepler-62e, Kepler 62f and Earth.
ကမ္ဘာသစ် ဂြိုဟ်သစ်တွေ ထပ်ပြီး ပေါက်ပွါးလာနိုင်တယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။
လွန်ခဲ့တဲ့ နစ်သန်းပေါင်း ၄၆၀၀ လောက် စင်္ကဝြဋ္ဌာ တည်စကာလ နေမိသားစု စတင်တည်တဲ့အချိန်လောက်မှာ ကမ္ဘာလို ဂြိုဟ်တွေ ရာခိုင်နှုန်းလောက်ဟာ စင်္ကဝြဋ္ဌာအနှံ့ ရှင်သန်ကြီးထွားနိုင်တဲ့ နယ်ပယ်မှာ တည်နေတယ်လို့ အောက်တိုဘာလထဲမှာ The Royal Astronomical Society လို့ခေါ်တဲ့ တော်ဝင်နက္ခတဗေဒ ပညာရှင်များ အဖွဲ့စည်းက ပြောပါတယ်။ ဒီနေမိသားစု ကုန်ဆုံးမဲ့ နောက်နစ်ပေါင်း သန်းပေါင်း ၆၀၀၀ လောက်မှာတော့ နောက်ထပ် ကမ္ဘာလို ဂြိုဟ်တွေ ၉၂ ရာခိုင်နုန်းလောက် ထပ်ပြီး ပေါက်ပွားလာနိုင်တယ်လို့ မေရီလန်းပြည်နယ် ဘယ်လ်တီမိုးမြို့က အာကာသ သိပ္ပံ Space Telescope Science Institute (STScI) က Peter Behroozi က သူ့ရဲ့ ယူဆချက် အသစ်တခုကို တင်ပြခဲ့ပါတယ်။ ဒါဟာ နာဆာရဲ့ အာကာသကြည့်မှန်ပြောင်း Hubble Space Telescope နဲ့ Kepler အာကာသစူးစမ်းရေး အဖွဲ့က တွေ့ရှိထားတဲ့အချက်အလက် တွေ ပေါ်မူတည်ပြီး ပြောဆိုလိုက်တာပါ။
နေသစ် ကမ္ဘာသစ် တွေဟာ အရင်တုန်း ပေါက်ဖွားခဲ့သလို နောင်မှာလည်း ပေါက်ဖွားဖို့ ရှိတယ်လို့ နက္ခတ္တ ဗေဒ ပညာရှင် ဒေါက်တာ ဝင်းသာထွေးက ပြောပါတယ်။
Hubble မှန်ပြောင်းနဲ့ တွေ့ရှိထားချက်တွေအရ စင်္ကဝြဋ္ဌာ တည်စကာလ ကစပြီး နှစ်သန်းပေါင်း တသောင်း လောက်အတွင်းမှာ နေတွေဖြစ်တည်မှု က အမြန်ဆုံးဖြစ်သလို နောက်ပိုင်းမှာ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ် ဓါတ်ငွေ့ပြောင်းလဲမှုတွေကြောင့် နေတွေကြယ်တွေဖြစ်တည်မှုနှုန်း နှေးလာခဲ့တာပါ။
ဒါပေမယ့် ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ် ဓါတ်ငွေ့တွေ စင်္ကဝြဋ္ဌာ ထဲမှာ ပေါများစွာ ရှိနေသေးတာမို့ နောင်မှာလည်း နေတွေ ကြယ်တွေနဲ့ ကမ္ဘာသစ်တွေ ထပ်ပြီး ပေါက်ဖွါးလာနိုင်တာပါ။ လက်ရှိကမ္ဘာဖြစ်တည်နေတဲ့ နဂါးေငွ့တန်းထဲမှာတင် နောင်ထပ် ကမ္ဘာသစ် ဂြိုဟ်သစ်တွေ ပေါက်ဖွားဖို့ လိုအပ်တဲ့ ဒြပ် အများကြီး ရှိနေတယ်လို့ တွဲဖက်သုတေသီ Molly Peeples ပြောပါတယ်။
လက်ရှိ နဂါးငွေ့တန်းထဲမှာတင် ကမ္ဘာနဲ့ တူတဲ့ဂြိုဟ်ပေါင်း သန်းပေါင်း ၁၀၀၀ လောက်ထိ ရှိနိုင်တယ်လို့ ယူဆထား တာပါ။ ဒါ့အပြင် တခြား သန်းပေါင်း ၁၀၀ လောက်ရိှနေတဲ့ galaxiesလို့ခေါ်တဲ့ နဂါးငွေ့တန်း တွေမှာ အလားတူ ကမ္ဘာလို ဂြိုဟ်တွေ ရှိနေသလို galaxy cluster စုကြီးတွေနဲ့ dwarf galaxy အသေးလေးတွေမှာ ဒီ နဂါးငွေ့တန်းထက် ပိုပြီးများတဲ့ ဓါတ်ငွေ့တွေ ရှိနေတာမို့ နောင်မှာ ကမ္ဘာသစ်တွေ ဖြစ်တည်မှု ရာနှုန်း ပိုများတယ် လို့လည်း ပြောပါတယ်။

XS
SM
MD
LG