သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေးနဲ့ သိပ္ပံနည်းပညာ


Students at the Nan Ouw School in Burma recite the Burmese and English alphabet for "Build a School in Burma" founder Bob Cornwell. (Courtesy Build a School in Burma)
Students at the Nan Ouw School in Burma recite the Burmese and English alphabet for "Build a School in Burma" founder Bob Cornwell. (Courtesy Build a School in Burma)
မြန်မာနိုင်ငံအတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ တိုးတက်လာစေဖို့ ပညာရေးကဏ္ဍက အဓိကအရေးပါနေတာပါ။

မြန်မာလူငယ်ကလေးတွေကို စူးစမ်း ဆင်ခြင်တတ်အောင် သင်ကြားပေးတဲ့ ပညာရေးဖြစ်ဖို့ အရေးကြီးသလို ပညာရေးစံနစ်မှာ စာမေးပွဲစစ်တဲ့ ပုံစံကအစ သင်ကြားရေး ပုံစံတွေကို ပြောင်းလဲ ပစ်ဖို့ လိုအပ်နေပါတယ်။
လက်ရှိကျူရှင်ပုံစံတွေပျောက်အောင် ကျောင်းသားကို ဝန်သိပ်မပိစေတဲ့ သင်ရိုးညွှန်းတမ်းတွေချပေးဖို့ အပြင် သင်ကြားသူဆရာတွေအတွက် ဆုပေးဒဏ်ပေးစံနစ်တွေချထားဖို့လိုအပ်တယ်လို့ မြန်မာ့ပညာရေး ဖေါင်ဒေးရှင်းက အတွင်းရေးမှုး ဒေါက်တာဒေါ်ရင်ရင်နွယ်က မြင်ပါတယ်။

ပညာရေးဘတ်ဂျက်ငွေသိပ်ချမပေးနိုင်ခင်မှာဆင်းရဲတဲ့ တောအရပ်က ကျောင်းသားတွေ ဆရာတွေနဲ့ ကျောင်းတွေအတွက် ဦးစားပေး သုံးစွဲသင့်ပြီး သင်ကြားရေးနဲ့ သုတေသနလုပ်ရာမှာ အဓိက အရေးပါတဲ့ ကွန်ပြူတာအတွက် ဆက်သွယ်မှု ကောင်းအောင်လုပ်ပေးရမှာဖြစ်သလို ဒီလိုအထောက်အကူ ပစ္စည်းတွေ လုံလုံလောက်လောက်ပေးနိုင်အောင် ပြန့်ကျဲနေတဲ့ အဆင့်မြင့်ပညာ သင် တက္ကသိုလ်တွေကိုစုစည်းဖို့ လိုအပ်နေပြီလို့ ထောက်ပြထားပါတယ်။
XS
SM
MD
LG