သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ကြေးနီသတ္တုသိုက် စီမံကိန်း


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာ
အာရှတိုက်မှာ ဒုတိယအကြီးဆုံး ကြေးနီသတ္တုသိုက် အဖြစ်တွေ့ထားတဲ့ လက်ပံတောင်းကြေးနီသိုက် တူးဖေါ်ရေးစီမံကိန်းနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တာဝန်ပေးမှုနဲ့ လေ့လာခဲ့သူ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းရဲ့ အမြင်တွေကို တင်ပြပေးထားပါတယ်။

ကြေးနီဈေးကောင်းနေချိန်မှာ မဖွံ့ဖြိုးသေးတဲ့ ဒေသမှာ တွေ့ရတဲ့ ကြေးနီသိုက်ကို တူးသင့်တယ်လို့ ဆုံးဖြတ်ခဲ့ရင် စည်းကမ်းနည်းလမ်းတကျ လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်က တင်ပြထားတာကို အကောင်ထည် ဖေါ်ဆောင်ရေးကော်မတီက သေသေချာချာ လိုက်နာတာမျိုး မတွေ့ရတဲ့ အတွက် ဒေသခံတွေရဲ့မကြေနပ်မှုတွေ ဖြစ်ပေါ်စေတာမို့ လိုအပ်ချက်တွေကို တချက်ခြင်း ထောက်ပြဖို့နဲ့ သေသေချာချာ လိုက်နာစေမယ့် နည်းလမ်းတွေ ရှာဖို့ အကြံပေးထားပါတယ်။

ဒါ့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေးရမယ့်ထဲမှာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလို ဒေသဆိုင်ရာ သတ္တုပညာရပ်ကို ဦးစားပေးတဲ့ တက္ကသိုလ်တွေ ဖြစ်ထွန်းတဲ့အထိ ရည်ရွယ်လုပ်ဆောင်ဖို့ပါ တိုက်တွန်းထားပါတယ်။
XS
SM
MD
LG