သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငပိနဲ့ ယူရီးယားဓါတ်မြေသြဇာ


ရန်ကုန်မြို့က ငါးဈေးတန်း ။ အောက်တိုဘာ ၂၃၊ ၂၀၁၂။
ရန်ကုန်မြို့က ငါးဈေးတန်း ။ အောက်တိုဘာ ၂၃၊ ၂၀၁၂။
မြန်မာ့ထမင်းဝိုင်းမှာ အမြဲလိုလိုတွေ့ရလေ့ရှိတဲ့ ငပိကိုသိပ်ရာမှာ မြန်မြန်ရောင်းလို့ ရအောင် ယူရီးယားဓါတ်မြေသြဇာတွေ ထည့်ကြတယ်ဆိုတဲ့ သတင်းကြောင့် ငပိစားဖို့ ကြောက်နေသူတွေအတွက် ဓါတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုကို မးမြန်းပြီး တင်ပြပေးထားပါတယ်။

ယူရီးယားကို Carbamide လို့လည်း လူသိများပါတယ်။ သူ့ကို သက်ရှိသတ္တဝါတွေရဲ့ အညစ်အကြေးအဖြစ် စွန့်ပစ်ရာမှာ ဆီးမှာ အဓိကတွေ့နိုင်ပါတယ်။ ယူရီးယားဓါတ်ဟာ ငပိထဲမှာပါနေနိုင်သလို ယူရီးယား တွေ့တာနဲ့ ဓါတ်မြေသြဇာထည့်ထားတယ်လို့ မပြောနိုင်ကြောင်းနဲ့ ငပိလုပ်ငန်းမှာ ယူရီးယားထည့်ပြီး ငပိဖြစ်အောင် လုပ်ဖို့မလိုသလို ယူရီးယားပါနေတာကလည်း လူအတွက် အန္တရာယ်မဖြစ်စေဘူးလို့ ဆိုပါတယ်။

ဒါ့ပြင် ငပိဟာ အဟာရကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး မြန်မာနိုင်ငံကထွက်တဲ့ ငပိနဲ့ ငါးခြောက်တွေဟာ တခြားဒေသထွက်တွေထက် အရသာထူးကဲပါတယ်။ ဒါဟာသူ့မှာ ပါဝင်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ဒီဘက်တီးရီးယားကလည်း အရပ်ဒေသကို လိုက်ပြီး အမျိုးကွဲပြားလေ့ရှိတာကြောင့်ပါ။
XS
SM
MD
LG