သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆည်ရေနဲ့ စိုက်ပျိုးရေး


နှစ်စဉ် နှုန်းထိုးမှုနှုန်းများလာသည့်အတွက် ရေမတင်ဘဲ ခမ်းလာသည့် ဝဲလောင်ဆည်
နှစ်စဉ် နှုန်းထိုးမှုနှုန်းများလာသည့်အတွက် ရေမတင်ဘဲ ခမ်းလာသည့် ဝဲလောင်ဆည်
မြင်းခြံခရိုင်တောင်သာမြို့နယ်မှာရှိတဲ့ ဝဲလောင်ဆည်လို ရေငံချောင်းတွေကို ပိတ်ပြီးဆောက်တဲ့ ဆည်မျိုးတွေ အတွက် သူ့အထက်မှာ ဆည်တခုဆောက်ပေးတာမျိုးဖြစ်စေ၊ အပင်တမျိုးမျိုးစိုက်ပြီး ရေတားတာမျိုးဖြစ်စေ လုပ်ပြီး ရေရဲ့ အငံဓါတ်ကို လျော့စေနိုင်တဲ့အပြင် ဆည်ထဲနုံးတင်တာတွေကိုပါ လျော့ပါးစေနိုင်တယ်လို့ ရေဇင်းစိုက်ပျိုးရေးကျောင်းအုပ်ကြီးဟောင်း ဆရာဆလိုင်းထွန်းသန်းက ပြောပါတယ်။

မိုးခေါင်ရေရှား ဒေသက စိုက်ပျိုးရေးအတွက် ပေးဝေတဲ့ ဆည်ရေကို ရှေးခေတ်ပုံစံ မြောင်းတွေနဲ့ပေးဝေတာဟာ ရေအရင်းအမြစ်ဆုံးရှုံးမှုကို များစေတာပါ။

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဆည်မြောင်းတာတမံတွေကို ကောင်းသထက်ကောင်းအောင်ဆောက်လုပ်နိုင်ပေမယ့် ဒီဆည်တွေကနေ ရေပေးရမယ့် စိုက်ပျိုးမြေတွေရဲ့ အနေထားဟာ ခေတ်မှီရေပေးရေးစံနစ်တွေအတွက် အဆင်မပြေစေတဲ့ ရှေးကပုံစံတွေ အတိုင်းပဲ ရှိနေသေးတာမို့ ပြောင်းလဲပေးဖို့ လိုအပ်နေတာကို ရေအရင်းအမြစ်အင်ဂျင်နီယာ ဦးအောင်ဆွေက အိမ်နီးချင်းနိုင်ငံတွေက ရေပေးစံနစ်တွေနဲ့ပါ နှိုင်းယှဉ်ပြထားပါတယ်။
XS
SM
MD
LG