သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Star Wars ဇာတ်ကားသစ် ရုံတင်


ကြယ်တာရာစစ်ပွဲ ဇာတ်ကားကို ရုပ်ရှင်ရုံတွေမှာ ပရိတ်သတ်တွေဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ဝတ်စားပြီးကြည့်ရှု့ခဲ့ကြ။
ကြယ်တာရာစစ်ပွဲ ဇာတ်ကားကို ရုပ်ရှင်ရုံတွေမှာ ပရိတ်သတ်တွေဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ဝတ်စားပြီးကြည့်ရှု့ခဲ့ကြ။

Star Wars ကြယ်တာရာစစ်ပွဲ ရုပ်ရှင် နောက်ဆုံးဇာတ်ကားဖြစ်တဲ့ The Force Awakens ကို ဒီကနေ့မှာပဲ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေနဲ့ စပြီး ရုံတင်နေပါပြီ။ စကြာဝဠာထဲမှာ အဆိုးနဲ့ အကောင်းကြား အားပြိုင်ကြတဲ့ ကြယ်တာရာစစ်ပွဲ ဇာတ်ကားကိုကြည့်ဖို့ အားခဲထားကြတဲ့ ပရိတ်သတ်တွေဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ဝတ်စားပြီး ရုပ်ရှင်ရုံတွေမှာ တန်းစီစောင့်ဆိုင်း နေခဲ့ကြတာပါ။

Star Wars ဇာတ်ကား ရုံတင်ပြသတဲ့အထဲမှာတော့ ဝါရှင်တန်မြို့တော်က အာကာသ သိပ္ပံပြတိုက်ရဲ့ IMAX ရုပ်ရှင်ရုံမှာတော့ တကယ့် အာကာသလွန်းပျံယာဉ် အစစ်တွေ၊ သမိုင်းဝင်လေယာဉ်တွေ အောက်မှာ ထူးထူးခြားခြား ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ IMAX ရုပ်ရှင်ရုံ နဲ့ ၃ ဘက်မြင် 3-D နည်းပညာတွေကြောင့် ရုပ်ရှင်ကို ထူးထူးခြားခြား ခံစားရမှာ ဖြစ်ပေမဲ့ မျိုးဆက်တိုင်းမှာ စိတ်ဝင်စားခဲ့ကြတဲ့ ဇာတ်လမ်းက ပရိတ်သတ်တွေ ကို အဓိက ဆွဲဆောင်နေတာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ ကြာ Star Wars ဇာတ်ကားတွေမှာ တွေ့ခဲ့ရသလိုပဲ ဂီတပညာရှင် John Williams က နောက်ဆုံးဇာတ်လမ်းတွဲရဲ့ အစကိုကြားရတဲ့ အခါ၊ နောက်ထပ် ရင်ခုန်စရာကြုံရဦးမယ် ဆိုတာကိုလည်း ခံစားမိကြမှာပါ။ ဇာတ်လမ်းစစချင်း တွေ့ရတဲ့ အဖွင့်စာတန်းမှာတော့ အဓိက ဇာတ်ကောင်တွေထဲက တယောက်ဖြစ်တဲ့ Luke Skywalker ပျောက်ဆုံးသွားပြီး၊ လူဆိုးဖြစ်တဲ့ Evil Order က လိုက်ဖမ်းဖို့ ကြိုးစားတာ၊ ဟောလိဝုဒ် မင်းသမီးကြီး Carrie Fisher၊ ဗိုလ်ချုပ်ကြီး Leia Organa အဖြစ် ဦးဆောင်တဲ့ တော်လှန်ရေး စတာတွေကို တွေ့ကြရပါတယ်။

XS
SM
MD
LG