သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောမီးကြောင့် California မှာ အရေးပေါ် အခြေအနေထုတ်ပြန်


အမေရိကန်ပြည်ထောင်စု California ပြည်နယ်ထဲ တောမီးအကြီးအကျယ်လောင်နေတဲ့ Napa နဲ့ Lake ခရိုင် ၂ ခုမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်ပါတယ်။

တောမီးကို ထိန်းနိုင်ဖို့ မီးသတ်တွေ ကြိုးစားနေကြချိန်မှာပဲ California ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က တနင်္ဂနွေနေ့မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့တာဖြစ်ပါတယ်။ တောမီးကို ကြိုးစားငြိမ်းသတ်နေတဲ့ မီးသတ် ၄ ယောက် မီးလောင်ဒဏ်ရာတွေ ရခဲ့ပြီး လူပေါင်း ထောင်နဲ့ချီ ဘေးလွတ်ရာကို ပြောင်းရွှေ့ နေနေကြရပါတယ်။

California ပြည်နယ် သစ်တောထိန်းသိမ်းရေးနဲ့ မီးဘေးရန်ကာကွယ်ရေးဌာနရဲ့ အပြောအရ Napa နဲ့ Lake ခရိုင် ၂ ခုမှာ တောမီးကြောင့် နေအိမ်ပေါင်း ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒေသခံ ၃ ထောင်လောက်ရှိတဲ့ Clear Lake Riviera အရပ်မှာ ဘေးကင်းရာ မပြောင်းမနေရ အမိန့် ထုတ်ပြန် ထားပါတယ်။ San Francisco မြို့မြောက်ပိုင်းမှာ တည်ရှိတဲ့ Lake ခရိုင်ထဲမှာတင် တောမီးကြောင့် ဧကပေါင်း ၄ သောင်းလောက် မီးလောင် သွားခဲ့တယ်လို့ ပြည်နယ် မီးသတ်ပြောခွင့်ရသူက ပြောပါတယ်။

California ပြည်နယ်ထဲမှာ မီးလောင်နေတဲ့ အတိုင်းအတာက စုစုပေါင်း ဧက ၆ သောင်းခွဲလောက် အကျယ်အဝန်း ရှိပါတယ်ရှင်။

XS
SM
MD
LG