မွန်လူမျိုးတို့ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည် တူးဖော်ရေးအတွက် စာတမ်းဖတ်ပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပပြီး ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်အတွင်းမှာ ပထမအဆင့်အဖြစ် ကွင်းဆင်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မြို့ဟောင်း ပြန်လည်တူးဖော်ရေးကိုတော့ ရှေးဟောင်း သုတေသနဌာနက အဓိက ဆောင်ရွက်မှာဖြစ်ပြီး နှစ်တို၊ နှစ်ရှည်စီမံကိန်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။
သုဝဏ္ဏဘူမိမြို့ဟောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ ကျော်က ကွယ်ပျောက်သွားခဲ့တဲ့ မြို့တမြို့အဖြစ် သမိုင်းပညာရှင်တွေက ယူဆထားပြီး ဒီရှေးဟောင်းမြို့တော်ကြီးကို ပြန်လည်တူးဖော်ဖို့အတွက် ဒီလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြပါတယ်။
၂ ရက်ကြာ ဆွေးနွေးပွဲပြီးဆုံးတဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာတော့ ဘီးလင်းနဲ့ သထုံမြို့နယ်အတွင်းမှာ ကွင်းဆင်းစစ်ဆေးတာတွေကို ပထမဆုံး စတင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးဟောင်း ဦးနိုင်မောင်တိုး က ပြောပါတယ်။
“ပထမအဆင့်အနေနဲ့တော့ ဆာဗေးပေါ့။ ဆာဗေးကတော့ ဒီနှစ် ဘားဂျက်အတွင်းမှာတော့ ဖြစ်နိုင်ပါတယ်။ အဓိကကတော့ နှစ်နေရာပဲ နိုင်ပါသေးတယ်။ တခုကတော့ အရင်တုန်းက တူးပြီးသား သုဝဏ္ဏဘူမိ အချက်အခြာဖြစ်တဲ့ အရပ်သမအခေါ် သောနထေ ဥတ္တရထေ တို့ ရောက်ရှိတဲ့ ဝင်းက အရပ်သမရွာက တူးပြီးသားဟာတွေကို ဆက်လက်ပြီးတော့ တူးဖော်ဖို့ပါ။ နောက်တချက်ကတော့ နောက်ဆုံး သုဝဏ္ဏဘူမိဖြစ်တဲ့ သထုံမြို့ပေါ့။ မနူဟာ အနော်ရထာ ပုဂံကို ပါသွားတဲ့ သုဝဏ္ဏဘူမိပေါ့။ နောက်ဆုံးမြို့ပေါ့နော်။”
အရက်သမနဲ့ ဝင်းက မြို့ဟောင်းကတော့ ဘီးလင်းမြို့နယ်အတွင်းမှာ တည်ရှိတာပါ။ အဲ့ဒီနေရာကို ၁၉၇၅ ခုနှစ်က နောက်ဆုံးတူးဖော်ခဲ့တာကြောင့် ဒီနေရာကို ပြန်လည်တူးဖော်ဖို့ ပညာရှင်တွေနဲ့ သုတေသီတွေက တိုက်တွန်းကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပထမအဆင့်ဖြစ်တဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ဆောင်ရွက်ပြီးတဲ့နောက် မှာတော့ တူးဖော်ရေး၊ ထိန်းသိမ်းရေးနဲ့ တူးဖော်ရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ကို အများပြည်သူ လေ့လာနိုင်အောင် ဆောင်ရွက်ရေးဆိုတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကိုတော့ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောပါတယ်။
“ပြည်ထောင်စုအစိုးရက လုပ်မှာပါ။ ပြည်ထောင်စုအစိုးရက နှစ်တို နှစ်ရှည် စီမံကိန်းစွဲပြီး သူ လုပ်မှာပါ။ ပထမ သုံးနှစ်လောက်ကတော့ နှစ်တို တစ်နှစ်ချင်းစီ လုပ်သွားမှာပေါ့။ နောက်ပြီးတဲ့အခါကျတော့ ဟိုဘက်မှာတော့ ဆက်လုပ်မှာပေါ့။ ဘယ်ဟာကို စ လုပ်မလဲဆိုတာ အကြမ်းဖျဉ်းတော့ ထွက်ပြီပေါ့။ အကြမ်းဖျဉ်းထွက်တဲ့အပေါ်မှာ ပထဝီအနေအထား မြေပြင်ရဲ့ အနေအထားကို ကျနော်တို့ ပြန်ကြည့်ရဦးမယ်။ လူနေတဲ့ အဆောက်အဦးတွေနဲ့ ကျနော်တို့ လွတ်ကင်းရဲ့လားဆိုတာ ကျနော်တို့ ဆင်းကြည့်ရဦးမယ်။ တူးတာကတော့ ကျနော်တို့ ချက်ချင်းတော့ တူးဖြစ်ဦးမှာ မဟုတ်သေးဘူး။ အများကြီးတော့ ပြင်ဆင်ရဦးမယ်။”
လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ရှေးဟောင်းသုတေသနဌာနရဲ့ ဘဏ္ဍာရေး အနေအထားအရ ၂၀၁၃-၂၀၁၄ အတွင်းမှာ ပထမဆင့်ကိုသာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာ ပညာရှင်တွေအကြားမှာတော့ သုဝဏ္ဏဘူမိဟာ နယ်မြေဒေသတခုအဖြစ် မှတ်ယူထားပြီး ဒီဒေသဟာ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့ဒေသတွေ ဖြစ်တယ်လို့ ပြောဆိုရေးသားတာတွေလည်း ရှိနေတာဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်တဲ့ ပညာရှင်တွေကတော့ သုဝဏ္ဏဘူမိဟာ မွန်ဒေသမှာ ရှိတယ်ဆိုတာကို သဘောတူတယ်လို့ ဦးနိုင်မောင်တိုး က ပြောပါတယ်။
“အဲ့ဒီအပေါ်မှာ ထိုင်းကလည်း သူ့ဟာသူ သုဝဏ္ဏဘူမိ ဆိုတာရှိတယ်။ အိန္ဒိယကလည်း သူ့နေရာ သူ့ဒေသက သုဝဏ္ဏဘူမိ လို့ ပြောပါတယ်။ ဂျားဘားကျွန်း ဆူမတ်ထရားကိုလည်း သုဝဏ္ဏဘူမိ လို့ ပြောပါတယ်။ ကျနော်တို့က အဲ့ဒီအကြောင်းတွေကိုတော့ မပြောပါဘူး။ ကျနော် အခု ဒီနေ့ အဓိက ပြောချင်တာက ကျနော်တို့ဆီမှာ ရှိတဲ့ သုဝဏ္ဏဘူမိကို ဘယ်လို ပီပီပြင်ပြင်ဖြစ်အောင် လုပ်မလဲ။ ဖော်ရမလဲဆိုတဲ့ အပိုင်းကိုသာ ဆွေးနွေးခြင်းဖြစ်ပါတယ်။ သုဝဏ္ဏဘူမိ ဆိုတာ တကယ်ပဲ ကျနော်တို့ မွန်ဒေသမှာ ရှိတယ်ဆိုတဲ့အကြောင်း ပညာရှင်အားလုံက သဘောတူကြပါတယ်။”
သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနက ဦးဆောင်ကျင်းပခဲ့ပြီး သမိုင်း၊ သုတေသန၊ တူးဖော်ရေးအပါအဝင် မွန်ပညာရှင် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို သုဝဏ္ဏဘူမိ မြို့ဟောင်းအကြောင်း စာတမ်း ၁၉ စောင် တင်ပြလာရာမှာ အဲဒီထဲ စာတမ်း ၉ စောင်ကို ဖတ်ကြားဆွေးနွေးခဲ့ကြပါတယ်။