သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လူ့အခွင့်အရေးရှေ့နေ ရုံးတင်စစ်ဆေးမှု လူအများ စိတ်ဝင်စား


တရုတ်လူ့အခွင့်အရေးရှေ့နေ Pu Zhiqiang
တရုတ်လူ့အခွင့်အရေးရှေ့နေ Pu Zhiqiang

အထင်ကရ လူ့အခွင့်အရေးရှေ့နေဖြစ်တဲ့ Pu Zhiqiang ကို ထောက်ခံသူ အုပ်စုတစုဟာ ဘေဂျင်းမြို့တော် တရားရုံးအပြင်ဘက်မှာ တနင်္လာနေ့က စုဝေး ရောက်ရှိခဲ့ကြပါတယ်။ အမှုစစ်နေတဲ့ အဲဒီတရားရုံးအပြင်ဘက်မှာ အာဏာပိုင်တွေအနေနဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်မှုများရှိခဲ့ပြီး ဆန္ဒပြသူတွေနဲ့ သံတမန်တွေလည်း တွန်းထိုးခြင်းခံခဲ့ကြရပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေနဲ့ အနောက်အင်အားကြီးနိုင်ငံတို့ထံကနေ ပြစ်တင်ဝေဖန်မှုများထွက်ပေါ်ခဲ့တဲ့ လူသိများတဲ့ အခြေအတင်အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အမှုနဲ့ပတ်သက်လို့ ပြစ်မှုထင်ရှားတွေ့ရှိရင် Pu အနေနဲ့ထောင်ဒဏ် (၈) နှစ် ကျခံရဖွယ်ရှိပါတယ်။

သူ့ရဲ့ပြစ်မှုကတော့ ဆိုရှယ်လ်မီဒီယာပေါ်မှာ အစိုးရနဲ့အစိုးရအရာရှိတွေကို ပြစ်တင်ဝေဖန်မှုတွေ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ အမှုစစ်ဆေးရာမှာ တနင်္လာ နေ့က (၃) နာရီကျော် ကြာခဲ့ပါတယ်။ အမှုစစ်ဆေးစဉ် Pu က သူအပြစ်မရှိကြောင်း အလေးအနက်ဆက်လက်ပြောကြားပြီး သူရဲ့အခုလို အွန်လိုင်း တင်ပြချက်တွေဟာ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို အာမခံချက်ပေးထားတဲ့ တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားတာ ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သူရဲ့ရှေ့နေ Mo Shaoping ကပြောကြားခဲ့ပါတယ်။

အခုလို အထင်ကရ တရုတ်ရှေ့နေ Pu Zhiqiang ကို လူမျိုးရေး အမုန်းတရားပွားမှုနဲ့ ရန်စဖို့ လှုံ့ဆော်မှုဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်း မနေ့က အမေရိကန်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် John Kirby ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ တရုတ် အာဏာပိုင်တွေ အနေနဲ့ မစ္စတာ ပူကို ပြန်လွှတ်ပေးပြီး တရုတ်အစိုးရအနေနဲ့ အခြေခံ ပြည်သူ့အခွင့်အရေးတွေကိုလေးစားလိုက်နာပြီး တရုတ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်စံထားချက်တွေအရ အာမခံချက်ပေးထားတဲ့အတိုင်း တရားမျှတတဲ့ တရားစီရင်မှုကို ပြုလုပ်သင့်ကြောင်း တိုက်တွန်း ထားပါတယ်။

တရုတ်လူ့အခွင့်အရေးရှေ့နေ ပူကိ ရုံးထုတ်တဲ့တရားရုံးမှာ သူ့ကိုထောက်ခံသူနဲ့ ရဲတွေကို မြင်တွေ့ရစဉ်။
တရုတ်လူ့အခွင့်အရေးရှေ့နေ ပူကိ ရုံးထုတ်တဲ့တရားရုံးမှာ သူ့ကိုထောက်ခံသူနဲ့ ရဲတွေကို မြင်တွေ့ရစဉ်။

ဒါ့အပြင် အမှုစစ်ဆေးတဲ့ တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေနဲ့ သံရုံးအမှုထမ်းတွေအပါအဝင် တရုတ်နဲ့ နိုင်ငံတကာ လေ့လာ သူများ ကိုယ်ထိလက်ရောက်နှောင့်ယှက်ခံရတာနဲ့ပတ်သက်ပြီး အံသြသင့်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG