အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတအိုဘားမားနဲ့ အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့ပြီးတဲ့နောက် သမ္မတအိုဘားမားက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၁၂ နှစ်တာ နေအိမ်အကျယ်ချုပ် ကျခံနေထိုင်ခဲ့ပြီးတော့ အနစ်နာခံ ကြိုးပမ်းခဲ့မှုတွေအပေါ် လေးစား ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်ဆောင်ရွက်မှု၊ သမ္မတ ဦးသိန်းစိန်နဲ့အတူ လုပ်ကိုင်ဆောင်ရွက်နေမှုတွေအပေါ် ကြိုဆို ထောက်ခံနေတဲ့အကြောင်းလည်း သမ္မတအိုဘားမားက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ကွန်ဂရက်စ် လွှတ်တော် ကနေ ချီးမြှင့်တဲ့ အမြင့်ဆုံး ဂုဏ်ပြု ရွှေတံဆိပ်ဆုကိုလည်း ဗုဒ္ဓဟူးနေ့က လက်ခံယူခဲ့ပါတယ်။ အဲဒီအခမ်းအနားကို အမေရိကန် ဥပဒေပြုလွှတ်တော် အမတ်တွေလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီလို ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကွန်ဂရက်စ်လွှတ်တော် ရွှေတံဆိပ်ဆု ယူတဲ့သတင်းကို ထူးထူးခြားခြား မြန်မာ့ ရုပ်သံကနေလည်း မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့အကြောင်း သိရပါတယ်။ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန်နဲ့ အနီးတဝိုက် ပြည်နယ်တွေမှာရှိတဲ့ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံခဲ့သလို မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူ ငါးဦးကို ၂၀၁၂ ခုနှစ်အတွက် ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့က ချီးမြှင့်တဲ့ ဒီမိုကရေစီဆု ချီးမြှင့်တဲ့အခမ်းအနားကိုလည်း ဒီကနေ့ တက်ရောက်ပြီးတော့ ဆုလက်ခံ ရယူမှာ ဖြစ်ပါတယ်။