သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ပြည်တွင်းစစ် လူ ခြောက်သောင်း သေဆုံး


ဆီးရီးယားနိုင်ငံတွင်း တိုက်ပွဲပြင်းထန်နေစဉ်။ (ဇန်နဝါရီ ၃။ ၂၀၁၃)
ဆီးရီးယားနိုင်ငံတွင်း တိုက်ပွဲပြင်းထန်နေစဉ်။ (ဇန်နဝါရီ ၃။ ၂၀၁၃)
ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ် အတွင်း လူပေါင်း ခြောက်သောင်းကျော်သေဆုံး သွား
ခဲ့ပြီဖြစ်ကြောင်း စေ့စပ်သေချာတဲ့ စုံစမ်းလေ့လာမှုတွေကနေ ဖော်ပြထားတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မစ်ရှင်နာ မင်းကြီး Navi Pillay က ဂျနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့က သတင်း ထုတ်ပြန်ရာမှာ အခုရရှိတဲ့ သေဆုံးသူ အရေအတွက်စာရင်းကို နေရာ ၇၀၀ ကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ရယူခဲ့တာဖြစ်တယ် လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်း ကတော့(၂) နှစ်နီးပါး ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း သေဆုံးသူအရည်အတွက်ဟာ
လေးသောင်းခွဲလောက်ရှိ တယ်လို့ ပြောပါတယ်။

လေ့လာစောင့်ကြည့်သုံးသပ်သူတွေဟာ လပေါင်းအတန်ကြာ လူထုအတွင်းမှာရော
တိုက်ခိုက်နေသူတွေရဲ့ကြားမှာပါ ဖြစ်ပွါးခဲ့တဲ့ သေဆုံးမှုစာရင်းတွေ ကောက်ယူစုဆောင်းခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ လူ့အခွင့်အရေး ကော်မစ်ရှင်နာမင်းကြီး Navi Pillay က ထောင်ပေါင်းများစွာသော ဒဏ်ရာရထားသူတွေဟာ ထပ်ပြီးတော့ သေဆုံးမှာကို စိုးရိမ်ပူပန်မှု ဖြစ်ရကြောင်းလည်း ပြောပါတယ်။
XS
SM
MD
LG