ဆီးရီးယားနိုင်ငံမှာ ရာထူးက မနှုတ်ထွက်ပဲ အသေခံသွားမယ်လို့ ပြောကြားနေတဲ့ သမ္မတ Bashar Al-Assadကို ဖြုတ်ချနိုင်ရေးအတွက်၊ ပိုမိုကျယ်ပြန့်တဲ့ခေါင်းဆောင်မှုတရပ်ကို ဖွဲ့စည်းနိုင်ဖို့အတွက် အတိုက်အခံအုပ်စုတွေဟာ ကာတာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ကာတာနိုင်ငံမြို့တော် ဒိုဟာမှာ ပြုလုပ်တဲ့ ဒီအစည်းအဝေးမှာ - ဆီးရီးယားအမျိုးသားကောင်စီ၊ အစ္စလာမ်မစ်ဝါဒီတွေ ၊ လက်ဝဲအင်အားစုတွေနဲ့ ဘာသာရေးကင်းရှင်းသောနိုင်ငံရေးအုပ်စုတွေ စတဲ့ ပြိုင်ဘက် အင်အားစုတွေက ကိုယ်စားလှယ်အရေအတွက်နဲ့ ပတ်သက်ပြီး ငြင်းခုံပြီးတော့ ရှေ့မတိုးနိုင်ဖြစ်နေကြပါတယ်။
အမျိုးသမီးကိုယ်စားလှယ်တချို့ကတော့ - အကြံပြုထားတဲ့ အဖွဲ့ဝင် ၄၀ ပါ ကောင်စီထဲမှာ အမျိုးသမီး ကိုယ်စားလှယ် တစ်ယောက်မှ မပါဘူးဆိုပြီး မကျေမနပ်ဖြစ်နေကြပါတယ်။ အခု ဖွဲ့စည်းမယ့် ခေါင်းဆောင်မှု အသစ်ကို အာဆတ်အစိုးရဖြုတ်ချရေး ပုန်ကန်ထကြွရေးမှာ ၊ နိုင်ငံတကာ အထောက်အပံ့ရရှိရေး မျှော်လင့်ချက်နဲ့ ဖွဲ့စည်းကြမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ကတော့ - ဆီးရီးယားအမျိုးသားကောင်စီ တခုတည်းကို တရားဝင် အတိုက်အခံလို့မသတ်မှတ်နိုင်ကြောင်း အသစ် ဖွဲ့စည်းမယ့် ခေါင်းဆောင်မှုထဲမှာ စစ်သွေးကြွအစ္စလာမ်မစ်တွေ မပါဝင်ရဘူးလို့ ပြီးခဲ့တဲ့အပတ်က အလေးအနက်ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ သမ္မတအာဆတ်ကတော့ တိုင်းပြည်ပြင်ပကို ထွက်ခွာသွားမယ့် ကမ်းလှမ်းချက်အားလုံးကို ပယ်ချပြီး၊ အနောက်နိုင်ငံများရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ အရှေ့အလယ်ပိုင်းဒေသတခုလုံး နဲ့ ကျန်ကမ္ဘာတခုလုံးအတွက်ပါ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ ရုရှားတူဒေး ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။