သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံ ဆီးရီးယားတက်မည်


ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (လယ်)
ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (လယ်)
ဆီးရီးယားနိုင်ငံ အနာဂတ်ရေးအတွက် ဆွေးနွေးကြမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ဖို့ ဆီးရီးယားအစိုးရက မူအားဖြင့် သဘောတူလိုက်ပြီလို့ ရုရှားနိုင်ငံက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရှေ့လအတွင်းပြုလုပ်ဖို့ ရုရှားနဲ့ အမေရိကန်တို့က ဆိုပြုထားတဲ့ ဒီ ငြိမ်းချမ်ရေး ညီလာခံကို တက်ဖို့ သဘောတူလိုက်တဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သောကြာနေ့မှာ ပြောပါတယ်။ ဒီကိစ္စကို ဆွေးနွေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ လာမယ့် တနင်္လာနေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုသွားပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံဖို့ ရှိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad က အာဏာကို သူ့လက်ထောက်တွေကို လွဲပြောင်းပေးပြီး တိုင်းပြည်အတွင်းက အရင်မထွက်ခွာရင် သူတို့အနေနဲ့ အခု အဆိုပြုထားတဲ့ အသွင်ကူးပြောင်းရေး အစီအစဉ်ကို မထောက်ခံဘူးလို့ အတိုက်အခံ အင်အားစုတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ အဲဒီ အစီအစဉ်ကိုတော့ ရာထူးက အနားယူတော့မယ် အတိုက်အခံ ဆီးရီးယား အမျိုးသားညွှန့်ပေါင်းအဖွဲ့ရဲ့ အကြီးအကဲ Moaz al-Khatib က သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြလိုက်တာပါ။

ဆီးရီးယားနိုင်ငံမှာ ၂ နှစ်ကြာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး အတွက် ရုရှားနဲ့ အမေရိကန်တို့ ဦးဆောင်ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သူတို့အနေနဲ့ တက်သင့် မတက်သင့် ဆီးရီးယား အတိုက်အခံ အင်အားစုတွေက စဉ်းစားနေကြဆဲ ဖြစ်ပါတယ်။
XS
SM
MD
LG