သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ အတိုက်အခံနဲ့ ပူးပေါင်းမှု ဆီးရီးယားအစိုးရငြင်းဆို


Syria's Vice President Farouq al-Shara (file photo)
Syria's Vice President Farouq al-Shara (file photo)
ဆီးရီးယားနိုင်ငံမှာ ဒုသမ္မတ Farouq al-Shara တဘက်နဲ့ ပူးပေါင်းသွားပြီဆိုတဲ့ သတင်းက မမှန်ကန်ကြောင်း ဆီးရီးယားအစိုးရက ငြင်းဆိုပါတယ်။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဆူနီမူစလင် ဒုသမ္မတဟာ နိုင်ငံကို စွန့်ထားခဲ့ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ သူ့ရဲ့ ရုံးက ကြေညာချက် ထုတ်ကြောင်း စနေနေ့က ဆီးရီးယား အစိုးရ ရုပ်မြင်သံကြားက ကြေညာပါတယ်။

မစ္စတာ Shara ဟာ အယ်လ်ဂျီးရီးယားနွယ်ဖွား ဝါရင့်သံတမန် Lakhdar Brahimi ကို ဆီးရီးယားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်နဲ့ ကုလသမဂ္ဂက သောကြာနေ့ကပဲ ခန့်အပ်လိုက်တာကို ကြိုဆိုလိုက်တယ်လို့လည်း ရုပ်မြင်သံကြားက ပြောပါတယ်။
ဒီလကုန်မှာ ဆီးရီးယားနိုင်ငံဆိုင်ရာ အထူးသံတမန် ရာထူးက ရပ်နားမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ နေရာကို မစ္စတာ Brahimi နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူကတော့ ဆီးရီးယား ဒုသမ္မတ ဘက်ပြောင်းမလား ဘက်မပြောင်းဘူးလား ဆိုတာကို အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဆီးရီးယား သမ္မတ ဘက်ရှာ အယ်လ်အာဆတ် အစိုးရအဖွဲ့ဟာ ပိုပြီးတော့ အထီးကျန် ဆန်လာနေတယ်လို့ သူကဆိုပါတယ်။
XS
SM
MD
LG