သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓာတု လက်နက်တွေ စတင်ဖျက်ဆီး


ကုလသမဂ္ဂ ဓာတုလက်နက်တားဆီးမှု စစ်ဆေးရေးအဖွဲ့ တဖွဲ့ ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ဖို့ လက်ဘနွမ်နယ်စပ်ကို ဖြတ်ကျော်ပြီး ဆီးရီးယားနိုင်ငံအတွင်းသို့ အောက်တိုဘာ ၁ ရက်နေ့က ဝင်ရောက်လာစဉ်။
ကုလသမဂ္ဂ ဓာတုလက်နက်တားဆီးမှု စစ်ဆေးရေးအဖွဲ့ တဖွဲ့ ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ဖို့ လက်ဘနွမ်နယ်စပ်ကို ဖြတ်ကျော်ပြီး ဆီးရီးယားနိုင်ငံအတွင်းသို့ အောက်တိုဘာ ၁ ရက်နေ့က ဝင်ရောက်လာစဉ်။
ဆီးရီးယားနိုင်ငံထဲက တောင်လိုပုံနေတဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာ စစ်ဆေးရေး အဖွဲ့တွေက စပြီး ဖျက်ဆီးပစ်နေပြီလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဓာတုလက်နက်ထုတ်လုပ်တဲ့လုပ်ငန်းတွေ အပါအဝင် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းကို တနင်္ဂနွေနေ့က ပထမဆုံးနေ့ အဖြစ် စတင်ဆောင်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆီးရီးယားဓာတုလက်နက် အဆုံးသတ်ရေး ဆုံးဖြတ်ချက်မချခင် သီတင်းပတ်အတော်ကြာက ဓာတုလက်နက် တားဆီးရေး နိုင်ငံတကာညီလာခံကို ဆီးရီးယားနိုင်ငံ ပါဝင်တက်ရောက်ခဲ့တယ်လို့ ပြောဆိုရင်းနဲ့ တဆက်တည်း ဓာတုလက်နက်ဖျက်သိမ်းရေးလုပ်ငန်းကို လိုက်နာပါမယ်လို့ စက်တင်ဘာ လထဲမှာ သမ္မတ အာဆတ်က ပြောဆိုခဲ့တာပါ။

လက်နက်စစ်ဆေးရေး တာဝန်ရှိသူတွေအနေနဲ့ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှာ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေ အပြီးတိုင်ဖျက်ဆီးဖို့ အတွက် ကုလသမဂ္ဂက တာဝန်ပေးအပ်ထားပါတယ်။ Damascus မှာ ခလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ရာနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ သြဂုတ်လ တိုက်ခိုက်မှုအပြီးမှာ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေ ဖျက်သိမ်းပစ်ဖို့ အခုလို ဖိအားပေး ဆောင်ရွက်မှုတွေ ဖြစ်လာခဲ့ပါတယ်။
XS
SM
MD
LG