သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပဋိပက္ခ ဘာသာရေးအသွင်ပိုဆောင်လာ


ဆီးရီးယားစစ်တပ် သေနတ်သမားလက်ချက်နဲ့ ဖခင် အသတ်ခံလိုက်ရလို့ ငိုကြွေးနေတဲ့ ဆီးရီးယားကလေးငယ်
ဆီးရီးယားစစ်တပ် သေနတ်သမားလက်ချက်နဲ့ ဖခင် အသတ်ခံလိုက်ရလို့ ငိုကြွေးနေတဲ့ ဆီးရီးယားကလေးငယ်
ဘာသာရေးဂိုဏ်းကွဲပဋိပက္ခ သဘောပိုဆောင်လာနေတဲ့ ဆီးရီးယားနိုင်ငံရဲ့ ၂ နှစ်နီးပါးအကြာ ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သူ၊ အရပ်သားအရေအတွက် ထောင်ချီပြီး ရှိခဲ့ပြီလို့ ကုလသမဂ္ဂက အရေးထားပြောကြားလိုက်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဆီးရီးယားပြည်သူတွေဟာ တိုင်းတာလို့မရတဲ့ ဆုံးရှုံးမှုနဲ့ ဒုက္ခတွေကို ခံစားနေကြရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စာနာမှုအခြေအနေ ပိုမိုယိုယွင်းလာတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းသူတွေက အသစ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အတောမသတ်နိုင်ဖြစ်နေပြီး ဒမတ်စကတ်နဲ့ အလက်ပိုတို့လို မြို့ကြီးတွေမှာ အကြမ်းဖက်မှုတွေ၊ ယဉ်ကျေးမှုရပ်ဝန်းတွေကို တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။

အစိုးရတပ်ဖွဲ့တွေနဲ့ သမ္မတဘာရှာအယ်လ်အာဆတ်ကို ဖြုတ်ချရေး သူပုန်အဖွဲ့တွေဟာ ဘာသာရေးဂိုဏ်းဂဏတိုက်ပွဲအသွင် ပေါ်လွင်လာတယ်လို့ စုံစမ်းရေးသမားတွေက ဆိုကြပါတယ်။ အဓိကအားဖြင့် ဆွန်နီ လူအများစုက သူပုန်တွေကို ထောက်ခံအားပေးပြီး လူနည်းစု အာလဝီတွေက မစ္စတာအာဆက်အစိုးရကို ထောက်ခံနေကြတာဖြစ်ပါတယ်။
XS
SM
MD
LG