သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ်နေ့အပစ်ရပ်ဖို့ ဆီးရီးယားအစိုးရနဲ့ သူပုန်သဘောတူ


နိုင်ငံတကာသံတမန် Lakhdar Brahimi
နိုင်ငံတကာသံတမန် Lakhdar Brahimi
သောကြာနေ့မှာစတင်မယ့် Eid al-Adah ပွဲတော်ကာလအတွင်း အပစ်အခတ်ရပ်စဲထားဖို့ ဆီးရီးယားအစိုးရနဲ့ သူပုန်အဖွဲ့တချို့က သဘောတူလိုက်ကြပြီလို့ နိုင်ငံတကာသံတမန် Lakhdar Brahimi က ပြောပါတယ်။

ရက်များစွာကြာမယ့် ဒီအပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ရဲ့ တစိတ်တပိုင်းအဖြစ် ရေရှည်အပစ်အခတ် ရပ်စဲ ရေးဆီ ဦးတည်သွားနိုင်မယ်လို့ သူမျှော်လင့်ထားကြောင်း ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့သံတမန် ဘရာဟီမီက ဗုဒ္ဓဟူးနေ့ က ကိုင်ရိုမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဆီးရီးယားအစိုးရကတော့ သူတို့အနေနဲ့ အပစ်အခတ်ရပ်စဲထားဖို့ စဉ်းစားနေပြီး ကြာသပတေးနေ့ မှာ နောက်ဆုံး ဆုံးဖြတ်ချက် ချမယ်လို့ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဆီးရီးယား သမ္မတ မစ္စတာအာဆဒ်အပါအဝင် ဒေသတွင်း တခြားခေါင်းဆောင်တွေနဲ့ မကြာသေးခင်က သူ ဆွေးနွေးပြောဆိုခဲ့တာ တွေကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ဘရာဟီမီက ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ အစီရင်ခံဖို့ရှိပါတယ်။

ဘရာဟီမီရဲ့အရင် အထူးသံတမန်ဖြစ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် ကြားဝင် စေ့စပ်ပေးခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်တခုကတော့ ဧပြီလမှာ အတည်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပြန်ပျက်သွားခဲ့တာပါ။
XS
SM
MD
LG