သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo မြို့မှာ ဆီးရီးယားအစိုးရ ထိုးစစ်ပြင်ထား


အာလက်ပိုမြို့အစွန်က လေကြောင်းတိုက်ခိုက်မှုခံရပြီး ၆ ဦးသေဆုံး၊ ပျက်စီးသွားသော လူနေအိမ် တစ်လုံး။
အာလက်ပိုမြို့အစွန်က လေကြောင်းတိုက်ခိုက်မှုခံရပြီး ၆ ဦးသေဆုံး၊ ပျက်စီးသွားသော လူနေအိမ် တစ်လုံး။
ဆီးရီးယားနိုင်ငံမြောက်ပိုင်း အာလက်ပိုမြို့ကို အစိုးရစစ်တပ်က သီးခြား ထိုးစစ်နှစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က စတင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက ဗုံးကျဲတိုက်ခိုက်ကြပြီး မြေပြင်တပ်တွေက သူပုန်တွေရဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

အစိုးရတပ်တွေက သူပုန်တွေကို အနိုင်ရနေတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနက ကြေညာ ပါတယ်။ ဒါပေမဲ့လည်း သူတို့ ဆုတ်ခွာနေရတယ်ဆိုတာ မဟုတ်တဲ့အကြောင်း အတိုက်အခံ ဆီးရီးယား လွတ်မြောက်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

တချို့ သူပုန်တွေ တကယ်ပဲ ဆုတ်ခွာခဲ့ကြတယ်ဆိုတာကို အာလက်ပိုမြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်တွေက ပြောကြပါတယ်။

မြို့ရဲ့တစိတ်တပိုင်းကို သူပုန်တွေ ထိန်းချုပ်ခဲ့ပြီးကတည်းကဆိုရင် အခုနောက်ဆုံးဖြစ်နေတဲ့ တိုက်ပွဲဟာ အပြင်းထန်ဆုံးပဲလို့ ဆီးရီးယားလူ့အခွင့်အရေးခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်အတွင်း ဆီးရီးယားနိုင်ငံ တဝန်းမှာ လူ ၃၀၀ ကျော် သေဆုံးခဲ့ရပြီးပြီလို့ အဲဒီ အဖွဲ့က ပြောပါတယ်။
XS
SM
MD
LG