သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICRC ဝန်ထမ်း ၆ ဦး ဆီးရီးယားမှာ ပြန်ပေးဆွဲခံရ


ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ သေနတ်သမားတွေက ကြက်ခြေနီဝန်ထမ်း ၆ ဦးနဲ့ ဆီးရီးယား-အာရတ်လခြမ်းနီအဖွဲ့ဝင်တယောက်ကို ပြန်ပေးဆွဲသွားတယ်လို့ ICRC နိုင်ငံတကာကြက်ခြေနီကော်မတီက ပြောဆိုလိုက်ပါတယ်။

Idlib ပြည်နယ်၊ Saraqeb မြို့အနီးမှာ တနင်္ဂနွေနေ့မနက်က Damascus မြို့ကို ဦးတည်သွားနေတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ၇ ဦးရဲ့ ယာဉ်တန်းကို သေနတ်သမားတွေက ပြန်ပေးဆွဲလိုက်တာလို့ ICRC ကပြောပါတယ်။ အဲဒီကြက်နီတပ်ဖွဲ့ဝင်တွေဟာလူနာတွေကို ဆေးကုသပေးဖို့အတွက် Idlib မြို့ကိုသွားခဲ့ကြတာဖြစ်ပါတယ်။

သေနတ်သမားတွေက အဲဒီယာဉ်တန်းကို ပစ်ခတ်ပြီး ကြက်ခြေနီ ၇ ယောက်ကို ပြန်ပေးဆွဲခဲ့ကြောင်း၊ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းကကြေညာပါတယ်။ ကြက်ခြေနီ ၆ ယောက်ဟာ ဘယ်နိုင်ငံသားတွေဖြစ်တယ် ဆိုတာကိုတော့ ICRC ကထုတ်ဖေါ်ပြောဆိုခြင်းမရှိဘဲ ပြန်ပေးဆွဲထားတဲ့ ၇ ယောက်စလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။

ဆီးရီးယားအစိုးရတပ်တွေနဲ့ သူပုန်တွေ တိုက်ခိုက်နေတဲ့ အဲဒီမြောက်ပိုင်းမှာ ပြန်ပေးဆွဲတာတွေမကြာခဏကြုံနေကြရတာဖြစ်ပါတယ်။
XS
SM
MD
LG