သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ IS ခေါင်းဆောင်သေဆုံးမှုသတင်း အတည်ပြုဖို့ ကန်ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့အပတ်က ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း IS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးကို ချေမှုန်းနိုင်ခဲ့ခြင်း ရှိ မရှိ ဆုံးဖြတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က al-Shaddadi မြို့အနီးမှာ Abu Omar al-Shishani ဒါမှမဟုတ် Omar the Chechen လို့ လူသိများတဲ့ Tarkhan Batirashvili ကို ပစ်မှတ်ထားပြီး စုပေါင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောခွင့်ရပုဂ္ဂိုလ် Peter Cook က ပြောပါတယ်။

အဲဒီဒေသမှာ အမေရိကန် ကျောထောက်နောက်ခံပြုပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု တပ်ဖွဲ့တွေရဲ့ IS အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်မှုတွေ အောင်မြင်ခဲ့တာကြောင့် IS အဖွဲ့ရဲ့ တပ်မှူးဖြစ်သူဟာ အဲဒီဒေသမှာ ရှိနေလိမ့်မယ်လို့ ယုံကြည်ရတဲ့အကြောင်း မနေ့က အစောပိုင်းက အမည်မဖော်ပြလိုတဲ့ အရာရှိတစ်ဦးက ဗွီအိုအေကို ပြောသွားပါတယ်။

အဲဒီ တပ်မှုးဟာ အဲဒီဒေသမှာ ရှိတဲ့ IS တပ်ဖွဲ့တွေရဲ့ အင်အားကို သိရှိဖို့နဲ့ သူတို့ကို စိတ်ဓာတ်မြှင့်တင်ပေးဖို့အတွေက် ရောက်ရှိနေတာဖြစ်နိုင်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။ အဲဒီလေကြောင်း တိုက်ခိုက်မှုအတွင်းမှာ IS တိုက်ခိုက်ရေးသမား ၁၂ ဦးလောက်အထိ သေဆုံးသွားတယ်လို့လည်း သူက ပြောပါတယ်။

XS
SM
MD
LG