သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဓာတုလက်နက် အသုံးပြုမှု အမေရိကန် ချက်ချင်း တုံ့ပြန်မည်မဟုတ်


အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား ပြောကြားနေစဉ် (၃၀ ဧပြီ ၂၀၁၃)
အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား ပြောကြားနေစဉ် (၃၀ ဧပြီ ၂၀၁၃)
ဆီးရီးယားနိုင်ငံတွင်း ပြည်တွင်းစစ်မှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဘယ်လို ကိုင်တွယ်မလဲဆိုတာ ဆုံးဖြတ်ဖို့ အလောတကြီး လုပ်မှာ မဟုတ်ဘူးတဲ့အကြောင်း သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ အချက်အလက်အားလုံးကို သူ မရသေးဘူးလို့လည်း သမ္မတ အိုဘားမားက အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ မနေ့တုန်းက ပြော ဆိုပါတယ်။

ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ အထောက်အထားတွေတော့ ရှိတယ်လို့ ပြော ပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဓာတုလက်နက်တွေကို ဘယ်သူက သုံးစွဲတယ်၊ ဘယ်နေရာမှာ ဘယ်လို သုံးစွဲတယ်ဆိုတာကိုတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မသိရသေး ဘူးလို့ ပြောပါတယ်။

ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုရင်တော့ ဆီးရီယားအရေးနဲ့ ပတ်သက်လို့ အမေရိကန် ကိုင်တွယ်မှု အပြောင်းအလဲ ရှိလာလိမ့်မယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို စဉ်းစားထားသလဲဆိုတဲ့ နည်းလမ်း အသေးစိတ်ကို ပြောဆိုဖို့ရာတော့ ငြင်းပါတယ်။

ဆီးရီးယားပြည်တွင်းစစ်အတွင်း ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ ခြွင်းချက်မရှိ အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ခွင့်ပြုပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဆီးရီးယားအစိုးရကို တိုက်တွန်းနေပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ ဓာတုလက်နက် အသုံးပြုတယ်ဆိုတာမဟုတ်ဘဲ၊ သူပုန်ဘက်ကသာ အသုံးပြုနေတာဆိုပြီး ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး ဘက်ရှာ ဂျဖာရီ (Bashar Jaafari) ကတော့ ပြောနေပါတယ်။

လက်ဘနွန်အခြေစိုက် ဟက်ဇဘိုလာ စစ်သွေးကြွခေါင်းဆောင်ကတော့ သူတို့ မိတ်ဆွေရင်းဖြစ်တဲ့ ဆီးရီးယားနိုင်ငံကို သူပုန်တွေလက်ထဲ အကျမခံနိုင်ဘူးလို့ အင်္ဂါနေ့တုန်းက ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG