သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားလက်နက်သိုလှောင်ရုံတွေ အစ္စရေးလေတပ်တိုက်ခိုက်


အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံကို ဒီရက်ပိုင်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုပါတယ်။ အစ္စရေးကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သူတို့မှာ မှတ်ချက်ပေးစရာ တစုံတရာ မရှိဘူးလို့ ပြောပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုဟာ ကြာသပတေးနေ့နှောင်းပိုင်း၊ ဒါမှမဟုတ် သောကြာနေ့ စောစောပိုင်းမှာ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်တဲ့နေရာဟာ လက်နက်တွေသိုလှောင်ထားတယ်လို့ သံသယရှိတဲ့နေရာတွေ ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။

ဒါပေမဲ့ အစ္စရေးတိုက်လေယာဉ်တွေဟာ ဆီးရီးယားပိုင်လေကြောင်း နယ်နိမိတ်အတွင်းကို မဝင်ရောက်ခဲ့ဘူးလို့လည်း အမည်မဖော်လိုတဲ့ အမေရိကန်အရာအရှိတွေက ပြောပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဘာနီးယားစ်က၊ ရာနဲ့ချီတဲ့ ဆူနီ မူစလင်တွေဟာ သူတို့နေထိုင်ရာအနီးက ကျေးရွာမှာ သတ်ဖြတ်မှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပြီးတဲ့နောက် တိုက်ခိုက်မှုတွေ နောက်ထပ်ဖြစ်ပွားလာမှာကို စိုးရိမ်ပြီးတော့ ထွက်ပြေးနေကြတယ်လို့ ဆီးရီးယားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီဒေသအတွင်းက မိသားစုတွေဟာ စနေနေ့မနက်စောစောပိုင်းကစပြီး ထွက်ပြေးနေကြတာဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်နေတဲ့အဖွဲ့က ပြောပါတယ်။

သောကြာနေ့တုန်းကတော့ သမ္မတဘက်ရှာအယ်လ် အာဆတ်အစိုးရဟာ နိုင်ငံအနောက်မြောက်ပိုင်း ဘေဒါး ကျေးရွာ တဝိုက်မှာ သတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတယ်လို့ အဓိကအတိုက်ခံအုပ်စုက ပြောဆိုပါတယ်။ အဲဒီဒေသမှာ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၅၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ပြောပါတယ်။

ဘေဒါး ဒေသမှာ ဆူနီမူစလင်တွေ အများစုနေထိုင်ကြပြီး၊ ဆူနီမူစလင်တွေဟာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေကြသူတွေ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့ သူ့အနေနဲ့ အမေရိကန်တပ်ဖွဲ့တွေ ဆီးရီးယားနိုင်ငံကို စေလွှတ်ရေးနဲ့ ပတ်သက်ပြီး ဘာမှကြိုတင်ပြောလို့ မရသေးဘူးလို့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
XS
SM
MD
LG