သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်ရေး ကန်တိုက်တွန်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
ဆီးရီးယားနိုင်ငံက အကွဲကွဲ အပြားပြားဖြစ်နေကြတဲ့ အတိုက်အခံအင်အားစုတွေ အနေနဲ့ ရှေ့သီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က တိုက်တွန်းလိုက်ပါတယ်။

ဂျနီဗာဆွေးနွေးပွဲကို တက်မယ် မတက်ဘူးဆိုတာနဲ့ ပတ်သက်လို့ သောကြာနေ့မှာ ဆုံးဖြတ်သွားမယ်လို့ အနောက်နိုင်ငံတွေက အသိအမှတ်ပြုထားတဲ့ ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ဆွေးနွေးပွဲမှာ ဆီးရီးယားအစိုးရအဖွဲ့နဲ့ တစားပွဲတည်းထိုင်လိုက်ရင် ယုံမှား သံသယဖြစ်စရာတွေ ထွက်ပေါ်လာလိမ့်မယ်လို့ အတိုက်အခံခေါင်းဆောင်တွေက ပြောပါတယ်။

ကြားဖြတ်အစိုးရ ဖွဲ့စည်းခွင့်ရနိုင်မယ့် ဒီအခွင့်အရေးကို လက်လွတ်မခံဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက မေတ္တာရပ်ခံနေတာ ဖြစ်ပါတယ်။ ကြားဖြတ်အစိုးရသစ် ဖွဲ့စည်းမယ့်ကိစ္စအပေါ် ဘက်ပေါင်းစုံက သဘောတူမှ ဖြစ်နိုင်မယ်လို့ ပြောဆိုထားတဲ့အတွက် အဲဒီ အစိုးရသစ်ထဲမှာ ဆီးရီးယား သမ္မတ Bashar al-Assad မပါတော့မယ့် သဘောဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးထက် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အာရုံစိုက် လုပ်ဆောင်မယ့် ဆွေးနွေးပွဲပုံစံမျိုး မစ္စတာ အာဆဒ်ဘက်က ကြိုးစား လုပ်ဆောင်နေတာကို ဝန်ကြီး ကယ်ရီက ပယ်ချထားပါတယ်။
XS
SM
MD
LG