သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကယ်ရီ ဆီးရီးယားမိတ်ဆွေအစည်းအဝေး တက်ရောက်


ဆီးရီးယားမိတ်ဆွေများအစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ။ (ဇွန်လ ၂၂ ရက်၊ ၂၀၁၃)။
ဆီးရီးယားမိတ်ဆွေများအစည်းအဝေး တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ။ (ဇွန်လ ၂၂ ရက်၊ ၂၀၁၃)။
ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ကို ဆန့်ကျင်ကြတဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက သူပုန်တွေအတွက် နောက် ထပ် ထောက်ပံ့မှုတွေ ပေးမယ်လို့ ဆီးရီးယားမိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ ကတိပြုခဲ့ကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

၂ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ပြည်တွင်းစစ်အဆုံးသတ်ဖို့ ဆီးရီးယားမှာတော်လှန်နေတဲ့သူပုန်တွေကို စစ်ရေးအကူအညီရော၊ လူသားချင်းစာနာမှုအကူအညီပါ ထပ်ပြီးတော့ပေးဖို့အတွက် ၁၁ နိုင်ငံက ဝန်ကြီးတွေက ကတိပြုခဲ့ကြတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

အမေရိကန်အနေနဲ့ ဆီးရီယားသူပုန်တွေကို အထောက်အပံ့တွေ တိုးပေးသွားမှာဖြစ်တယ်။ ဒါပေမဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ အကောင်းဆုံးကတော့ ညှိနှိုင်းဆွေးနွေးမှုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်အဆုံးသတ်စေဖို့အတွက် ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကို ဆွစ်ဇာလန်နိုင်ငံမှာ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးဖို့အတွက် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ကလည်း တွန်းအားပေးနေပါတယ်။ ဂျနီဗာမြို့မှာ ညှိနှိုင်းဆွေးနွေးပွဲ အရေးပေါ်လုပ်နိုင်ဖို့အတွက် ကြိုးစားသွားဖို့အတွက်ကိုလည်း ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတယ်လို့ ဝန်ကြီးကယ်ရီကပြောပါတယ်။

ကာတာဝန်ကြီးချုပ် ရှိက်ဟာမစ် ဘင်ဂျက်ဆင်အယ်လ်တာနီ ကတော့ ဆီးရီးယားပြဿနာကို အင်အားသုံးဖြေရှင်းဖို့ လိုအပ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
XS
SM
MD
LG