သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ် အစ်ပွဲတော်မှာ အပစ်ရပ်ဖွယ်မရှိ


တိုက်ပွဲအတွင်း ပြိုကျ ပျက်စီးသွားသော Marat al Numan မြို့တွင်းက အဆောက်အဦးဘေးမှာ ရှိနေသော အရပ်သားများ။
တိုက်ပွဲအတွင်း ပြိုကျ ပျက်စီးသွားသော Marat al Numan မြို့တွင်းက အဆောက်အဦးဘေးမှာ ရှိနေသော အရပ်သားများ။
မနေ့က အောက်တိုဘာ ၂၃ ရက်နေ့မှာ ဆီးရီးယား အစိုးရလေတပ်က နိုင်ငံ့မြောက်ပိုင်းက အချက်အချာမြို့ မားရက်အယ်လ်နျူမန် (Maaret al-Numan) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် ဒီသီတင်းပတ်ထဲမှာ စတင်တော့မယ့် အစ္စလမ်ဘာသာဝင်တွေရဲ့ ရာမာဒမ် ဥပုသ် ကာလပြီးဆုံးတဲ့ အစ်ပွဲတော် အခါသမယမှာ ဆီးရီးယားမှာ အပစ်အခတ် ရပ်စဲရေး နိုင်ငံတကာရဲ့ ကြိုးပမ်းချက်တွေ ပျက်ပြားသွားခဲ့ရတယ်လို့ ဆီးရီးယားအရေး လှုပ်ရှားတက်ကြွသူတွေက ပြောကြပါတယ်။

မြို့တော် ဒမတ်စကပ်စ် (Damascus) နဲ့ မြောက်ပိုင်းက စီးပွားရေးမြို့တော် အာလက်ပို (Aleppo) ကို ဆက်သွယ်ထားတဲ့ အဝေးပြေးကား လမ်းမကြီးပေါ်က အချက်အချာကျတဲ့ မားရက်အယ်လ်နျူမန်မြို့ကို အတိုက်အခံတပ်ဖွဲ့က ဒီလအစောပိုင်းက သိမ်းပိုက်ထားခဲ့တာကြောင့် ဒီမြို့ကို ပစ်မှတ်ထားပြီး ဆီးရီးယား အစိုးရတပ်က တိုက်ခိုက်ခဲ့တာလို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေး (SOHR) အဖွဲ့က ပြောပါတယ်။

လာမယ့်သောကြာနေ့မှာ စတင်ကျရောက်တော့မယ့် အစ်ပွဲတော် (Eid al-Adha) ကာလမှာ အစိုးရနဲ့ အတိုက်အခံတပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲထား ကြဖို့ ကုလသမဂ္ဂနဲ့အာရပ်အဖွဲ့ချုပ်တို့ရဲ့ ဆီးရီးယားဆိုင်ရာ အထူးသံတမန် လက်(က်)ဒါ ဘရာဟီမီ (Lakhdar Brahimi) ရဲ့ တိုက်တွန်းချက်ကို လိုက်နာတဲ့ အနေနဲ့ နှစ်ဘက်တပ်တွေ စတင် စီစဉ်ဆောင်ရွက်နေတာမျိုး မတွေ့ရပါဘူး။
XS
SM
MD
LG