ဆီးရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့က အဖွဲ့ဝင် ၂၀ ကျော်ဟာ၊ ဆီးရီးယားနိုင်ငံကနေ တနင်္လာနေ့မှာ ထွက်ခွာသွားပါပြီ။ လက်ကျန်စောင့်ကြည့်နေတဲ့လေ့လာရေး အဖွဲ့ဝင် (၁၀၀) ကျော်ကတော့ တိုင်းပြည်အတွင်းမှာ သတ်မှတ်ထားတဲ့ နေရာ(၄)နေရာမှာ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။
လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ကုလသမဂ္ဂစောင့်ကြည့် လေ့လာရေးအဖွဲ့ဝင်တွေကို အရေအတွက်လျှော့ချပြီးတော့ နောက်ထပ် (၁)လ သက်တမ်းထပ်တိုးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင်လအတွင်းမှာသဘောတူညီခဲ့ပါတယ်။
ဧပြီလအတွင်းက ချထားခဲ့တဲ့ စောင့်ကြည့်လေ့လာနေသူတွေ အရေအတွက်(၃၀၀) ကနေ (၁၅၀) အထိလျှော့ချခဲ့တာပါ။ ဆီးရီးယားမှာ ချထားတဲ့ လက်နက်ကိုင်ဆောင်ခြင်းမရှိတဲ့ ကုလသမဂ္ဂလေ့လာစောင့်ကြည့်သူတွေဟာ သြဂုတ်လကုန် နောက်ပိုင်း ကျလို့ရှိရင် ဆီးရီးယားနိုင်ငံမှာ ရှိမနေသင့်တော့ဘူးလို့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ပြောဆိုခဲ့ပါတယ်။
အဖွဲ့ဝင် (၁၅) နိုင်ငံပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဆီးရီးယားနိုင်ငံအတွင်း ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ အရေးနဲ့ ပတ်သက်ပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ လက်ရှိတာဝန် အပ်နှင်းထားမှုဟာ မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် မတ်လကစပြီးတော့ ဖြစ်ပွားနေတဲ့ သမ္မတဘာရှာ အယ်လ် အာဆတ်ကို ဆန့်ကျင်တဲ့ အရေးအခင်းအတွင်း အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့သူအရေအတွက်ဟာ (၁၅၀၀၀) ကျော်ရှိနေပြီလို့ သိရှိရပါတယ်ခင်ဗျာ။