သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား တော်လှန်ရေး အုပ်စု အစိုးရဖွဲ့မည်


ဆီးရီးယားနိုင်ငံက သူပုန်တွေထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ ယာယီအစိုးရဖွဲ့ဖို့ အစီအစဉ်တွေကို ဆီးရီးယားအတိုက်အခံ အမျိုးသားညွန့်ပေါင်းအဖွဲ့က ပြောလိုက်ပါတယ်။

ဆီးရီးယားသမ္မတ ဘက်ရှာ၊ အယ်လ်အာဆတ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဖို့ ကိစ္စကို ဆွေးနွေးခဲ့ပြီးတဲ့နောက် အတိုက်အခံပြောခွင့်ရပုဂ္ဂိုလ်က သောကြာနေ့မှာ ကြေညာခဲ့ တာ ဖြစ်ပါတယ်။

အဲဒီအတိုက်အခံညွန့်ပေါင်းအဖွဲ့ဟာ အစ္စတန်ဘူလ်မြို့မှာ မတ်လ ၂ ရက်နေ့ကျရင်တွေဆုံပြီးတော့ သူတို့ရဲ့ ဝန်ကြီးချုပ်ကို ရွေးချယ်သွားမှာဖြစ်တယ်လို့ အတိုက်အခံပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလယ်ပိုမြို့မှာ သောကြာနေ့က ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ၁၂ ယောက် ထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ပြိုပျက်နေတဲ့ အဆောက်အအုံတွေရဲ့ အောက်မှာ ပိတ်မိနေတဲ့လူတွေရှိနေတယ်လို့ ယူဆရတာကြောင့် သေဆုံးသူအရေအတွက်ဟာ ထပ်တိုးလားဖို့ ရှိနေပါတယ်။

ဒါ့အပြင် ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်မြို့မှာ လူပေါင် ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုကို နိုင်ငံတကာငြိမ်းချမ်းရေးသံကိုယ်စားလှယ် Lakhdar Brahimi က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်နိုင်တယ် လို့ ပြောလိုက်ပါတယ်။

ဘရာဟီမီပြောတဲ့ သေဆုံးသူအရေအတွက်စာရင်းဟာ အစောပိုင်းက ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ပြောတဲ့ အရေအတွက်ထက်တော့ ပိုများနေပါတယ်။
XS
SM
MD
LG