သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်အမြန်ထောက်ပံ့ဖို့ EU ကို ဆီးရီးယား အတိုက်အခံ တောင်းဆို


ဆီးရီးယားသူပုန်တပ်ဖွဲ့ဝင်တဦး လက်နက်မဝယ်ခင် စစ်ဆေးနေစဉ် (၂၀ မေ ၂၀၁၃)
ဆီးရီးယားသူပုန်တပ်ဖွဲ့ဝင်တဦး လက်နက်မဝယ်ခင် စစ်ဆေးနေစဉ် (၂၀ မေ ၂၀၁၃)
EU ဥရောပသမဂ္ဂ က ဆီးရီးယား အတိုက်အခံအဖွဲ့အပေါ် လက်နက်မရောင်းရဘူးဆိုတဲ့ ပိတ်ပင်မှုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့က EU အနေနဲ့ လက်နက်တွေ အမြန်ဆုံး ပံ့ပိုးပေးပါရန် တောင်းဆိုလိုက်ပါတယ်။

လက်နက်မဲ့ အရပ်သားတွေကို အပြင်းအထန် တိုက်ခိုက်နေတာတွေကို ဟန့်တားနိုင်အောင် EU က အတိုက်အခံ တပ်ဖွဲ့တွေကို အထူးပြုလုပ်ထားတဲ့ လက်နက်တွေနဲ့ ပံ့ပိုးပေးပါရန် ဆီးရီးယား အမျိုးသားကောင်စီ က ဗုဒ္ဓဟူးနေ့က ပန်ကြားလိုက်တာပါ။

EU ရဲ့ ဒီသီတင်းပတ် ဆုံးဖြတ်ချက်ဟာ လက်နက် အလုံအလောက်မရှိတဲ့ ဆီးရီးယား အတိုက်အခံအဖွဲ့တွေကို EU အဖွဲ့ဝင် တနိုင်ငံချင်းဆီအနေနဲ့ လက်နက်ပံ့ပိုးခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ရုရှားနိုင်ငံတို့က အဆိုပြုထားတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ညီလာခံက ဖြစ်ထွန်းတိုးတက်မှု အခြေအနေတွေကို တချို့ EU နိုင်ငံတွေက စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆီးရီးယားအရေး တဖက်သတ် မတရား ချမှတ်ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံနေတာဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကြိုးပမ်းချက်ကို မှေးမှိန် သေးသိမ်စေအောင် လုပ်လိုက်တာပဲလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဖ် (Sergei Lavrov) က ဝေဖန်လိုက်ပါတယ်။

ဆီးရီးယားအရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒီကနေ့ အချေအတင် ဆွေးနွေးကြဖို့ ရှိပါတယ်။
XS
SM
MD
LG