သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အတိုက်အခံရုံးများ သံတမန်ရုံးအဖြစ် အမေရိကန် အသိအမှတ်ပြုမည်


ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့ အကြီးအကဲ Ahmad al-Jarba
ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့ အကြီးအကဲ Ahmad al-Jarba
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မှာရှိတဲ့ အဓိက ဆီးရီးယားအတိုက်အခံအုပ်စုရဲ့ ရုံးတွေကို နိုင်ငံခြား သံတမန် အဖွဲ့ရုံးတွေလို အသိအမှတ်ပြုသွားမယ်လို့ သမ္မတအိုဘားမားအစိုးရက ပြောလိုက်ပါတယ်။

ဆီးရီးယားအတိုက်အခံတွေရဲ့ ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့ကို ဆီးရီးယားပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်တွေအဖြစ် အမေရိကန်ပြည်ထောင်စုကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကတည်းက အသိအမှတ်ပြုခဲ့တာပါ။ ဒါပေမယ့်လည်း အမေရိကန်မှာရှိတဲ့ သူတို့ရုံးတွေကိုတော့ အခု တနင်္လာနေ့အထိ သာမန် ဆက်ဆံရေးရုံးတွေအဖြစ်ပဲ သတ်မှတ်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆီးရီးယားအတိုက်အခံတွေကို ဒေါ်လာ ၂၇ သန်းဖိုး စစ်လက်နက်မဟုတ်တဲ့ အကူအညီတွေ တိုးပေးသွားမယ်လို့ အမေရိကန်က ကြေညာပါတယ်။ ဒါဟာဆိုရင်တော့ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက စခဲ့တဲ့ ဆီးရီးယားပဋိပက္ခအတွင်း သမ္မတ ဘာရှားအယ်အာဆတ် ဖြုတ်ချရေး အတိုက်အခံလှုပ်ရှားမှုတွေကို အမေရိကန်ကနေ ဒေါ်လာ ၂၈၇ သန်းအထိ တိုးမြှင့်ပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။

အခုလို အမေရိကန်မှာရှိတဲ့ ဆီးရီးယားအတိုက်အခံရုံးတွေကို တရားဝင်သံတမန်ရုံးတွေအဖြစ် အသိအမှတ်ပြုလိုက်တာဟာ အတော်လေးကို အရေးပါတဲ့ အခြေအနေပါ။ ဒါပေမယ့်လည်း ဒါဟာ ဆီးရီးယားအတိုက်အခံတွေဖက်ကတော့ အဓိကကျတဲ့ တောင်းဆိုမှုတရပ် ဖြစ်တာကြောင့်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့ရဲ့အကြီးအကဲ Ahmad Jarba ဦးဆောင်တဲ့ ဆီးရီးယားအတိုက်အခံကိုယ်စားလှယ်အဖွဲ့ ဝါရှင်တန်ဒီစီကို ရောက်ရှိချိန်မှာ အမေရိကန်ဖက်က အခု ကြေညာချက်ထွက်လတာပါ။

ဆီးရီးယားအတိုက်အခံခေါင်းဆောင်ဟာ အခု လာမယ့် ကြာသာပတေးနေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တွေ့ဖို့ ရှိနေပါတယ်။
XS
SM
MD
LG