သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှုမရဘဲ ပြီးဆုံး

ကုလသမဂ္ဂ ကြားဝင်စေ့စပ်သူ Lakhdar Brahimi (ဇန်နဝါရီလ ၃၁၊ ၂၀၁၄)
ကုလသမဂ္ဂ ကြားဝင်စေ့စပ်သူ Lakhdar Brahimi (ဇန်နဝါရီလ ၃၁၊ ၂၀၁၄)
ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေပါဝင်ဆွေးနွေးနေတဲ့ ပထမအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဒီကနေ့ သောကြာနေ့မှာ အဆုံးသတ်တော့ မှာဖြစ်ပေမယ့်၊ အဓိကကျတဲ့ ကိစ္စရပ်တွေမှာ တိုးတက်မှုတစုံတရာ မရခဲ့ကြပါဘူး။ ဂျနီဗာမြို့မှာ တပတ်ကြာဆွေးနွေးခဲ့ကြပြီး၊ ဒီကနေ့ ဆွေးနွေးပွဲနောက်ဆုံးနေ့မှာတော့ ရှေ့သီတင်းပတ်မှာ ထပ်ပြီး ဆွေးနွေးမယ်ဆိုတဲ့ ရလဒ်ပဲ ထွက်ပေါ် လာဖို့ ဖြစ်နိုင်ချေ ရှိတယ်လို့ မျှော်လင့်နေကြပါတယ်။ ကုလသမဂ္ဂ ကြားဝင်စေ့စပ်သူ Lakhdar Brahimi ကတော့ နောက် တကြိမ်ဆွေးနွေးတဲ့ အခါမှာ ဒီထက် အနှစ်သာရပိုပြည့်ဝတဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း၊ အခုတကြိမ်ဆွေးနွေးပွဲဟာလည်း ၂ ဘက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အစပဲဖြစ်တယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း ၂ ဘက်စလုံးဟာ ဆွေးနွေးတဲ့ကိစ္စရပ်တိုင်းကို အခြေတင်ငြင်းခုံဖြစ်ခဲ့ကြပါတယ်။ ဆီးရီးယားအစိုးရဘက်က အကြမ်းဖက်မှုကိစ္စရပ်တွေကို စတင်ဆွေးနွေးချင်ခဲ့ပါတယ်။ ကြာသာပတေးနေ့တုန်းကတော့ - ဆီးရီးယားအစိုးရဘက်က အကြမ်းဖက်လုပ်ရပ်တွေကိုငွေကြေးထောက်ပံ့ပေးနေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ဆုံးဖြတ်ချက်တရပ်ကို တင်သွင်းခဲ့ပါတယ်။

အတိုက်အခံတွေဘက်ကတော့ ဒီကြေညာချက်ဟာ တဘက်သတ်ဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပြီးတော့ ၊ အသွင်ကူးပြောင်းရေးအစိုးရကို အရင်မဖွဲ့ပဲနဲ့တော့ ဆွေးနွေးတာတွေ ဟာ ဘာမှာ အသုံးကျမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဆီးရီးယားအစိုးရ ကိုယ်စားလှယ် အဖွဲ့ဘက်ကတော့ အတိုက်အခံတွေက သူတို့ရဲ့ တရားဝင်ကြေညာချက်ကို ပယ်ချတာဟာ သူတို့ကိုယ်တိုင်က အကြမ်းဖက်သမားတွေ ဖြစ်နေ တာကြောင့်လို့ ပြောလိုက်ပါတယ်။
This item is part of
XS
SM
MD
LG