ဆီးရီးယားနိုင်ငံမှာ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းနိုင်ရေးကို အဓိကထားဆွေးနွေးကြဖို့အတွက် တနင်္လာနေ့မှာ အစိုးရနဲ့အတိုက်အခံတို့ စတင်ဆွေးနွေးကြပြီး မကြာခင်မှာပဲ ဆက်ပြီးညှိနှိုင်းမရတဲ့ အနေအထားကို ရောက်သွားတယ်လို့ ဆိုပါတယ်။
ဆီးရီးယားအစိုးရရဲ့ မူဝါဒကြေညာချက်ဟာ Geneva ဆွေးနွေးပွဲရဲ့ မူဘောင် ပြင်ပမှာ ရောက်နေပြီး အာဏာလွှဲပြောင်းဖို့ ကိစ္စကိုလည်း ပြောမထားဘူးဆိုပြီး ဆီးရီးယားအတိုက်အခံကိုယ်စားလှယ်တွေက ပယ်ချတာပါ။ ဆီးရီးယားအစိုးရ ညှိနှိုင်းရေး ကိုယ်စားလှယ်တွေကလည်း အကြမ်းဖက်ရေးကိစ္စနဲ့ ဆွေးနွေးဖို့ လာကြတာဖြစ်ပြီး အာဏာလွှဲပြောင်းရေးနဲ့မဆိုင်ဘူးလို့ ဆီးရီးယား ဒုနိုင်ငံခြားရေး ဝန်ကြီး Faisal Mekdad က ပြောပါတယ်။
အဲဒီမှာ စေ့စပ်ညှိနှိုင်းရေးမှူး မစ္စတာ Lakhdar Brahimi က ဒီစည်းဝေးပွဲကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဆီးရီးယားသမ္မတ Bashar al-Assad အာဏာကို လက်လွှတ်ပေးပြီး ၂၀၁၂ က ပထမဆုံး Geneva ငြိမ်းချမ်းရေး ညီလာခံက ရရှိခဲ့တဲ့ သဘောတူညီချက်အရ ကြားဖြတ် အစိုးရ ဖွဲ့စည်းရမယ်လို့ အတိုက်အခံဘက်က တောင်းဆိုနေတာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်အစိုးရကတော့ ကုလသမဂ္ဂထောက်ပံ့ရေး ယာဉ်တန်း Homs မြို့ထဲ ချက်ချင်းဝင်ခွင့်ပြုဖို့နဲ့ ပြီးတော့ မြို့ထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ချက်ခြင်းထွက်ခွာခွင့်ပြုဖို့ တောင်းဆိုသွားပါတယ်။