မနေ့က ဇူလိုင်လ ၂၇ ရက်နေ့မှာ ဆီးရီးယား အစိုးရတပ်ရဲ့ လက်နက်ကြီးတွေ တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေက ဆီးရီးယားရဲ့ စီးပွားရေးမြို့တော် အာလက်ပို (Aleppo) မြို့တော် တဝိုက်က အတိုက်အခံတပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ဒီရက်ပိုင်းအတွင်း သံချပ်ကာကားတွေ တင့်ကားတွေ ခြေလျင်တပ်တွေနဲ့ ဒီမြို့ကြီးကို အစိုးရတပ်တွေက ထိုးစစ်ဆင် စီးနင်းတိုက်ခိုက်တော့မယ့် အလားအလာ ရှိနေပါတယ်။
သမ္မတ ဘာရှား အယ်လ်အာဆဒ် (Bashar al-Assad)ရဲ့ ယောက်ဖတော်သူ ဗိုလ်ချုပ် မာဟာ (Maher) ကွပ်ကဲတဲ့ အမှတ်(၄) အထူးတပ်မကြီးက ဒီထိုးစစ်ကြီးကို ဆင်နွဲှမယ်လို့ ကောလာဟလ တွေ ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ UNESCO ရဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ ရှေးဟောင်းသမိုင်းဝင်နေရာ အဖြစ် သတ်မှတ်ထားရာ ဒီ အာလက်ပိုမြို့ထဲမှာ ဆီးရီးယား အစိုးရတပ်တွေက အစုလိုက် အပြုံလိုက် လူသတ်ပွဲတွေ ကျူးလွန်ကြမှာကို ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က စိုးရိမ်နေကြပါတယ်။
မြို့တော်ဒမတ်စကပ်စ် (Damascus)ရဲ့ မြို့ပြင်ရပ်ကွက်တွေမှာ အစိုးရတပ်တွေက သေနတ်နဲ့ပစ်ခတ်ကွပ်မျက် သတ်ဖြတ်နေကြတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေက အလက်ပ်ပိုမြို့ လူထုကို တုန်လှုပ် ခြောက်ခြားစေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီး နာဗီပီလေး (Navi Pillay) က ပြောကြားလိုက်ပါတယ်။