သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပဋိပက္ခ လူသိန်းချီ သေဆုံးနိုင်


ဆီးရီးယားအရေး နိုင်ငံတကာ ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi ဒမတ်စကက်ဟိုတယ်မှာ သတင်းသမားများနှင့် တွေ့ဆုံစဉ်။ (ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၁၂)။
ဆီးရီးယားအရေး နိုင်ငံတကာ ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi ဒမတ်စကက်ဟိုတယ်မှာ သတင်းသမားများနှင့် တွေ့ဆုံစဉ်။ (ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၁၂)။
ဆီးရီးယားနိုင်ငံမှာ ၂၁ လကြာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေ ရပ်သွားအောင် ဆီးရီးယား အစိုးရကိုရော၊ အတိုက်အခံ သူပုန်တွေကိုပါ ညှိနှိုင်းဖို့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဖိအားမပေးနိုင်ဘူးဆိုရင် လာမယ့်နှစ်ထဲမှာ ဆီးရီးယား နိုင်ငံအတွက် လူပေါင်း တသိန်းလောက်အထိ သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ဂျနီဗာမှာ ချပြခဲ့တဲ့ ကမ္ဘာနဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေက လက်ခံခဲ့တဲ့ အစီအစဉ်ကို ဖြစ်မြောက်အောင် အတွက် သံတမန်နည်းလမ်းနဲ့ သူဟာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမဲ့ ဆီးရီးယား အစိုးရဘက်ကရော၊ အတိုက်အခံတွေ ဘက်ကပါ ဆွေးနွေးဖို့ အတွက် ငြင်းဆန်နေတယ်လို့ မစ္စတာ Brahimi က တနင်္ဂနွေနေ့က ပြောကြားခဲ့တာပါ။ ဆီးရီးယား ပြဿနာကို ငြိမ်းချမ်းရေး အစီအစဉ်အပေါ်မှာ အခြေခံပြီး ပြည်တွင်း ဆွေးနွေးမှုတွေ စတင်လာစေဖို့အတွက် ပြည်ပက အကူအညီတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ အခုလို ပြည်တွင်းစစ် ဆက်ပြီး ဖြစ်နေမယ်ဆိုရင် ဆိုမားလီးယား နိုင်ငံမှာလို လက်နက်ကိုင် ခေါင်းဆောင်တွေ သီးသန့်ခွဲပြီး အုပ်ချုပ်တဲ့ ပုံစံမျိုး ဖြစ်လာမယ်လို့ အယ်လ်ဂျီးရီးယား နိုင်ငံက သတိပေးလိုက်ပါတယ်။

ဂျနီဗာ ငြိမ်းချမ်းရေး သဘောတူညီမှု အစီအစဉ်ထဲမှာ ဆီးရီးယားမှာ အပစ်အခတ်တွေ ရပ်စဲပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ ယာယီ အစိုးရ တရပ်ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲ အသစ် ကျင်းပဖို့ပါ ပါဝင်ပါတယ်။ အဲဒီအထဲမှာ လက်ရှိသမ္မတ ဘက်ရှာအယ်လ် အာဆတ်ကို ဖြုတ်ချဖို့ လုံး၀ မပါဝင်ပါဘူး။ ဒါဟာ ဆွေးနွေးပွဲ မဖြစ်မြောက်စေတဲ့ အကြောင်းရင်းတခု ဖြစ်ပုံရပါတယ်။ သူပုန်တွေဘက်က မစ္စတာ အာဆတ် နှုတ်ထွက်ပြီး တိုင်းပြည်ကနေ ထွက်ခွာသွားဖို့ တောင်းဆိုနေသလို သမ္မတ အာဆတ်ကလည်း သူပုန်တွေဟာ နိုင်ငံခြားက အထောက်အကူ ပေးနေတဲ့ အကြမ်းဖက် သမားတွေလို့ သတ်မှတ်နေတာပါ။
XS
SM
MD
LG