သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆန္ဒပြသူ ၁၄၀ ခန့် သေဆုံး


အာလက်ပိုမြို့တိုက်ပွဲတွင် အကာအကွယ်ယူနေသည့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်များ။ သြဂုတ် ၂၄၊ ၂၀၁၂။
အာလက်ပိုမြို့တိုက်ပွဲတွင် အကာအကွယ်ယူနေသည့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်များ။ သြဂုတ် ၂၄၊ ၂၀၁၂။
ဆီးရီးယားနိုင်ငံက မြို့အတော်များများမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့တချိန်တည်းမှာပဲ ဆီးရီးယားတပ်တွေက သူပုန်တွေကို နှိမ်နင်းနိုင်ဖို့အတွက် ဒမတ်စကတ်စ်မြို့ဆင်ခြေဖုံးဒေသတွေကို ပစ်မှတ်ထားပြီးတော့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပါတယ်။ သောကြာနေ့က အစိုးရဆန္ဒပြမှုတွေအတွင်း လူ ၁၄၀ လောက်သေဆုံးခဲ့တယ်လို့ ဆီးရီးယားအတိုက်အခံ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အဲဒီလူအများစုဟာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ သာမန်အရပ်သားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
သမ္မတဘာရှာ အယ်လ်-အာဆတ်ဒ်အစိုးရကတော့ သူပုန်တွေဟာ နိုင်ငံခြားကနေ အထောက်အပံ့တွေယူပြီး တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်နေကြတဲ့ အကြမ်းဖက်သမားတွေလို့ပဲ မြင်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဆီရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အာရပ်အဖွဲ့ချုပ်သံတမန်ကတော့ သူ့ကို အခုလို ခန့်အပ်လိုက်တဲ့အပေါ်မှာ ဂုဏ်ယူ ဝမ်းမြောက်မိသလို ကြောက်လည်းကြောက်ပါတယ်လို့ ပြောပါတယ်။ အရင်က အဲဒီနေရာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အန်နန်က တာဝန်ယူတာဖြစ်ပါတယ်။ ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ အယ်လ်ဂျီးရီးယား သံတမန် Lakhdar Brahimin က သူ့အနေနဲ့ ဆီးရီးယားနိုင်ငံအရေးကိစ္စကို ဦးစားပေး ဆောင်ရွက်သွား မယ်လို့ ပြောလိုက်တဲ့တချိန်တည်းမှာပဲ ဆီးရီးယားပြည်သူတွေကပဲ ဆီးရီးယားအရေးကို ကျွမ်းကျင်ကြတာ ဖြစ်တယ်လို့ သူကပြောပါတယ်။ အခုဆိုရင် ဆီရီးယားဒုက္ခသည်အရေအတွက်ဟာ ၂၀၀,၀၀၀ ကျော်သွားပြီး အများစုဟာ တူရကီနိုင်ငံမှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နာဆားကီး (Maritn Nesirky) က ပြောပါတယ်။
XS
SM
MD
LG